Alien Weekend HD

Alien Weekend

Comedy Science Fiction HD 2024-04-20 5.25 95 Min

Alien weekend ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၄ ခုနှစ်ထွက် sci-fi အမျိုးအစားရုပ်ရှင်လေးပဲဖြစ်ပါတယ် ဗိုင်အိုလက်၊တက်စ်၊ဂါတီနဲ့ကင်မီတို့က ဆယ်ကျော်သက်အရွယ်သူငယ်ချင်းမလေးတွေပဲဖြစ်ပါတယ်…ဗိုင်အိုလက်ကရုပ်ပြစာအုပ်ဆိုင်တစ်ခုမှာသူနဲ့အတူအလုပ်လုပ်တဲ့အောဂတ်စ်ဆိုတဲ့ကောင်လေးနဲ့ချစ်ကြိုက်နေတာပါ….ဗိုင်အိုလက်အလုပ်လုပ်နေတဲ့ရုပ်ပြစာအုပ်ဆိုင်ကိုသူ့သူငယ်ချင်းသုံးယောက်ကညခင်းလာကြိုပါတယ်….အဲ့ညမှာပဲဗိုင်အိုလက်ကအန်ချင်သလိုလိုဖြစ်နေလို့ စစ်ကြည့်လိုက်တော့ ကိုယ်ဝန်ရှိနေမှန်းသိခဲ့ရပါတယ်….ထို့နောက်သူမတို့သူငယ်ချင်းလေးယောက်ဗန်ကားမောင်းလာရင်း သူမတို့ကားရှေ့ကနေအရာဝတ္ထုတစ်ခု ဖြတ်သန်းသွားပြီးတော့ပျက်စီးသွားတာကိုတွေ့လိုက်ရပါတယ်….,ထိုအရာကတော့ဂြိုလ်သားမျိုးနွယ်စုတစ်စုရဲ့ဥတစ်လုံးပဲဖြစ်နေပါတော့တယ်….ထိုအခါဗိုင်အိုလက်ကအဲ့ဥကိုသူမအိမ်ကိုယူလာပြီးတော့ထိန်းသိမ်းထားချင်ပေမဲ့သူငယ်ချင်းတွေကတော့သက်ဆိုင်ရာကိုပို့‌ဖို့အကြံပေးခဲ့ကြပါတယ်….ဒီတော့ဂြိုလ်သားဥကကမ္ဘာပေါ်ကိုဘာကြောင့်ရောက်လာတာလဲ….ဗိုင်အိုလက်တို့ရောထိုဥကိုစောင့်ရှောက်ရင်းနဲ့ဘာတွေဘယ်လိုကြုံတွေ့ရမလဲဆိုတာကိုဆက်လက်ကြည့်ရှုကြပါခင်ဗျာ…..