ဘဝမှာ ဘာရည်မှန်းချက် ဘာအိပ်မက်မှ မရှိဘဲ ဖြတ်သန်းနေတဲ့ ခပ်တုံးတုံးလူတစ်ယောက် ကိုစတီကာ……… အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲကို ရှုံးမှဖြစ်မယ့် နိုင်ငံရေးပါတီတစ်ခုကကိုစတီကာကို လှည့်စားပြီး သမ္မတရွေးကောက်ပွဲအတွက် ဝင်ပြိုင်ခိုင်းလိုက်သောအခါ…………..ကားပါကင်နေရာတစ်ခုရဖို့ သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့ ကိုစတီကာတစ်ယောက် နိုင်ငံရေးလောကမှာ ဘယ်လိုအခြေအနေမျိုးတွေကို ကြုံတွေ့ရမလဲ???သမ္မတလောင်းအဖြစ် မဲဆွယ်တဲ့အခါမှာရော ဘယ်လိုအလွဲလေးတွေကို ကြုံတွေ့ရမလဲ???? နိုင်ငံရေးလှည့်ကွက်တွေ၊ အစိုးရအဖွဲ့အစည်းတွေရဲ့ လာဘ်စားမှုတွေ၊ အလိမ်အညာတွေ၊ လှည့်စားမှုတွေကိုကွက်ကွက်ကွင်းကွင်းမြင်နိုင်အောင် ဟာသလေးနှောပြီး ရိုက်ကူးထားတဲ့ တစ်မူထူးခြားတဲ့ဟာသဇာတ်ကားတစ်ကားဖြစ်ပါတယ်……ကိုစတီကာတစ်ယောက် ပါတီကဖြစ်စေချင်သလို ရွေးကောက်ပွဲမှာရှုံးနိမ့်သွားမှာလား ဒါမှမဟုတ် အလွဲလွဲအချော်ချော်နဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိသွားပြီး ရိုမေးနီးယားသမ္မတကြီး ဖြစ်လာမလားဆိုတာကို Candidatul Perfect (2024) မှာ ကြည့်ရှုလိုက်ရအောင်………