ဟော်ရာအမျိုးအစားကို ပုံစံတမျိုးနဲ့ပြထားတဲ့ ၂၀၂၄ ထွက် ဖိလစ်ပိုင်ရုပ်ရှင်ကောင်းတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ရုပ်ရှင်နာမည်ဖြစ်တဲ့ အက်စ်ပန်တာဟိုဆိုတာကတော့ မြန်မာလို စာခြောက်ရုပ်လို့အဓိပ္ပါယ်ရပါတယ်။ရုပ်ရှင်အစမှာတော့ မိုနက်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဖခင်ဖြစ်သူ ဆုံးပါးသွားလို့ ပူဆွေးနေပါတယ်။သူ့ရဲ့ဖခင်မှာ တရားဝင် တခြားမိသားစုရှိပြီး မိုနက်နဲ့ သူ့အမေကတော့ဒုတိယမိသားစုဖြစ်ကြပါတယ်။သူ့အဖေ ဆုံးပါးပြီး ရက်မလည်ခင်မှာပဲ သူ့အဖေရဲ့အရင်မိသားစုဟာ သူတို့အိမ်ကို လိုက်လာခဲ့ပြီးထူးဆန်းတာတွေ ဆက်တိုက်ဆိုသလိုဖြစ်လာတဲ့အခါမှာတော့…။မြင်နေကျသရဲကားတွေနဲ့ ပုံစံကွဲနေတဲ့ ဒီ ဟော်ရာဒရာမာရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်…။