Fear Street Film Series တွေထဲက လေးကားမြောက်ဖြစ်တဲ့Fear Street Prom Queen ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။ရှေ့သုံးကားမှာတုန်းကလည်း အတော်လေး အောင်မြင်ခဲ့ပြီးhorror fan တွေ စိတ်တိုင်းကျခဲ့ကြတယ်လို့ ဆိုနိုင်ပါတယ်။လေးကားမြောက် မူဗီမှာတော့ လိုရီဂရန်ဂျာဆိုတဲ့ ကောင်မလေးကအဓိကဇာတ်ဆောင်ဖြစ်ပြီး စီနီယာကပွဲကို နောက်ခံဝန်းကျင်ထား ရိုက်ကူးထားပါတယ်။ဆယ်ကျော်သက် မိန်းကလေးခြောက်ယောက် ကပွဲမှာ ကွင်းအရွေးခံရဖို့အတွက်ပစ်မှတ်ထားကြိုးစားနေချိန်မှာသူတို့ကိုယ်တိုင် ဘယ်လိုဘယ်ပုံ ပစ်မှတ်ဖြစ်သွားကြမလဲဆိုတာရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။