ကမ္ဘာကျော် ရှေးဟောင်းသုတေသီကြီးရဲ့ သားနဲ့သမီးဟာပျောက်ဆုံးနေတဲ့ ရှေးဟောင်းပစ္စည်းတွေကို လိုက်ရှာတဲ့နေရာမှာ ထူးချွန်သူတွေပါ။တစ်နေ့မှာတော့ အသည်းကင်ဆာဖြစ်နေတဲ့ဘီလီယံနာတစ်ယောက်ဟာ ထာဝရနုပျိုစေမဲ့ နတ်ရေကန်ကို ရှာနိုင်မဲ့သဲလွန်စတွေနဲ့အတူ အကူအညီတောင်းလာပါတယ်။တစ်ဘက်မှာလည်း နတ်ရေကန်ကို လူတွေ မတွေ့အောင်စောင့်ရှောက်တဲ့အဖွဲ့ရှိနေသလို သူတို့ကို လိုက်နေတဲ့နိုင်ငံတကာရဲတပ်ဖွဲ့လည်း ရှိနေတာမို့ အန္တရာယ်တွေကြားထဲမှာ ဘယ်လို စွန့်စားခန်းတွေ ဖွင့်ရမလဲ ဆိုတာကြည့်ရမှာပါပဲ။