Womb(2025) ဟာဆိုရင် လက်ရှိဘဝနဲ့နီးစပ်တဲ့အဖြစ်အပျက်တွေကို စိတ်ခြောက်ခြားဖွယ်ဖြစ်အောင်ရိုက်ကူးထားတဲ့ horror/thriller ရုပ်ရှင်ကားပဲဖြစ်ပါတယ်။Jumpscare တွေမပါပဲ ဇာတ်အိမ်နှေးနှေးကနေစပြီးတဖြည်းဖြည်း စိတ်မသက်သာဖြစ်အောင် ရိုက်ကူးထားတဲ့ဇာတ်ကားမို thriller ရုပ်ရှင်ချစ်သမားတွေအတွက်အကြိုက်ဖြစ်စေမှာသေချာပါတယ်။ဟေလီဆိုတဲ့ကောင်မလေးက အရင်ကဆေးစွဲခဲ့ပေမယ့်ကိုယ်ဝန်ရပြီးနောက် ဆေးဖြတ်ပြီး ဘဝကိုပိုကောင်းအောင်နေထိုင်ဖိုကြိုးစားနေတဲ့မိခင်လောင်းတယောက်ဖြစ်ပါတယ်။သူနဲ့သူ့အမျိုးသားလောင်း ရေမွန်ကရေမွန့်အစ်မနဲ့တွေ့ဖိုမြိုစွန်က အမဲလိုက်အိမ်တခုကို အနားယူခရီးထွက်လာခဲ့ကြပါတယ်။ဒီလိုနဲ့ ဟေလီဟာ ကိုယ်ဝန်ဆောင်သည်တွေကိုသတ်ဖြတ်ပြီးဗိုက်ထဲကသန္ဓေသားလောင်းကိုလုယူတတ်တဲ့သားအိမ်အကြမ်းဖက်သမားတယောက်ရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတော့တယ်။ မိခင်စိတ်ဟာ လူတွေကို ဘယ်လိုအရာတွေအထိတွန်းပိုပေးနိုင်သလဲ ဆိုတာထိမိအောင်ရိုက်ကူးထားတာကိုဒီဇာတ်ကားမှာတွေ့မြင်ရမှာ ဖြစ်ပါတယ်။ဒီစိတ္တဇ အကြမ်းဖက်သမားက ဘယ်သူလဲ…..ဘာကြောင့်ဒီလိုလုပ်နေရတာလဲ…..ဟေလီတယောက်ရော သူ့ကလေးလေးနဲ့အတူ လွတ်မြောက်သွားနိုင်မလား ဆိုတာကိုတူတူစောင့်ကြည့်လိုက်ကြရအောင်…။