အချစ်နဲ့ဆို လူတွေဟာ မျက်ကန်းလိုပါပဲတဲ့။ ဒီတစ်ခါမှာတော့ အချစ်နဲ့တွေ့လို့ အချစ်နွံနစ်ခဲ့ရတဲ့ ရှောင်ဟွားဆိုတဲ့ကောင်မလေးရဲ့အကြောင်း ဇာတ်လမ်းကို တင်ဆက်ပေးချင်ပါတယ်။၁၉၄၀ ခုနှစ်ဝန်းကျင်၊တရုတ်ပြည်ကို ဂျပန်တွေ အုပ်စိုးခဲ့စဉ်ကာလမှာ ရှန်ရှောင်ဟွားဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ စာရေးဆရာမအလုပ်နဲ့ ဆောင်းပါးရေးပြီး အသက်မွေးနေခဲ့ပါတယ်။ သူရေးတဲ့ဝတ္ထုဆောင်းပါးရဲ့အဓိကအခြေခံအုတ်မြစ်ကတော့ သူ့ဘဝဇာတ်ကြောင်းပါပဲ။သူ့ဆောင်းပါးကို ကြိုက်နှစ်သက်သွားတဲ့သူကတော့ ချန်နန်ဆိုင်လိုခေါ်တဲ့ ဂျပန်အလိုတော်ရိ အမျိုးသားတစ်ဦးပါ။ ဆောင်းပါးကို ကြိုက်ရာကနေ လူကိုပါသဘောကျသွားခဲ့ပေမဲ့ဂျပန်ဘက်တော်သားဖြစ်တဲ့သူ့ကို လိုက်လံသတ်ဖြတ်ဖိုကြံနေတဲ့ အမျိုးသားရေးဝါဒီတွေကလည်း ရှိနေပြန်ပါတယ်။နိပွန်တွေလက်အောက်မှာသာ လုပ်နေတာ၊ တရုတ်တွေကို တစ်ခါမှမသတ်ဖူးပါဘူးဆိုတဲ့ချန်နန်ဆိုင်နဲ့ တိုင်းပြည်သစ္စာဖောက်လို့လူတိုင်းက သတ်မှတ်ထားတဲ့သူကိုမှ ချစ်ကျွမ်းဝင်သွားခဲ့သူ စာရေးဆရာမလေးတို့ နှစ်ယောက် တရုတ်ပြည်ရဲ့ နိုင်ငံရေးအခင်းအကျင်းထဲမှာ အသက်နဲ့ပါရင်းပြီးအချစ်တွေခိုင်မြဲအောင် ဘယ်လိုလုပ်ကြမလဲ? IMDb 6.9/10 RT 44% ရထားတဲ့ ဒီဇာတ်ကားလေးထဲမှာ သူတိုနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းကို ရှုစားကြည့်ကြရအောင်ပါ။