Bayamariya Brammai HD

Bayamariya Brammai

Crime Drama HD 2024-06-21 8.3 88 Min

တစ်ခါတလေမှာ ကျွန်တော်တို့ဘဝနဲ့ပတ်သက်တဲ့ မျှော်လင့်ချက်တွေ၊ဆန္ဒတွေအားလုံးက သေချာပြန်ဆင်ခြင်ကြည့်မယ်ဆိုရင်ထင်ယောင်ထင်မှားတွေပဲ ဖြစ်နေတတ်ပါသတဲ့။ကဘီလန်ဆိုတာ Crime thriller geneနဲ့ အတော်နာမည်ကြီးတဲ့စာရေးဆရာတစ်ယောက်၊ သူ့ရဲ့ထူးခြားချက်ကတော့ သူကိုယ်တိုင်ရောသူ့ရဲ့စာဖတ်ပရိသတ်ကိုပါ ကိုယ်တိုင် စာအုပ်ထဲကလူသတ်ရာဇဝတ်ကောင်လို ခံစားရအောင် သရုပ်ဖော်နိုင်တဲ့အချက်ပါပဲ။ဒီတစ်ခါမှာတော့ ကဘီလန် မျက်စိကျသွားတဲ့ ရာဇဝတ်ကောင်က ဂျာဂါဒီရှ်ဆိုတဲ့သူ၊ဂျာဂါဒီရှ်ကလည်း ကဘီလန်ရဲ့အာရုံကိုဖမ်းစားနိုင်တဲ့အထိ နှယ်နှယ်ရရ လူသတ်သမားမဟုတ်၂၅ နှစ်ဆိုတဲ့အချိန်ကာလအတွင်းမှာ လူ ၁၀၀ နီးပါး အတိအကျပြောရရင်လူ ၉၆ ယောက်တိတိကို သတ်ဖြတ်ခဲ့တဲ့လူသတ်သမားတစ်ယောက်ပါ။အခုချိန်မှာတော့ သူ့ရဲ့ပြစ်ဒဏ်တွေကို သံတိုင်နောက်မှာပေးဆပ်နေရတဲ့သူပေါ့။ဒီလိုနဲ့ ကဘီလန်နဲ့ ဂျာဂါဒီရှ်တို့ တစ်ယောက်နဲ့တစ်ယောက် ဘဝရဲ့အတွေးအမြင်တွေဖလှယ်ရင်းနဲ့ ဒီလူအယောက် ၁၀၀ နီးပါးလောက် သေဆုံးမှုကို ဖြစ်သွားစေတဲ့လွန်ခဲ့တဲ့ ၂၅ နှစ်က အဖြစ်အပျက်တစ်ခုကို အစဖော်ပြန်ပြောရင်းဘယ်လိုပုံဖော်သွားမလဲဆိုတာ ကြည့်ရှုခံစားကြည့်လိုက်ရအောင်ပါ။