ဘွန်းဆိုတဲ့ မိန်းကလေးက ပရာတန်ဆိုတဲ့ အိမ်ထောင်ရှိအမျိုးသားနဲ့ပက်သက်မိရာကနေဘွန်းမှာကိုယ်ဝန်ရလာတဲ့အခါ ပရာတန်က ဘွန်းကို ငွေပေးပြီးနှုတ်ပိတ်ပါတော့တယ်…ဒါပေမဲ့လည်း ယုတ်မာလှတဲ့ပရာတန်က သူပေးလိုက်ရတဲ့ ငွေနဲ့တန်အောင်ဆိုပြီးသူ့သူငယ်ချင်းတွေနဲ့ ဘွန်းကိုပေးအိပ်ပါတော့တယ်…အဖွဲ့လိုက်အနိုင်ကျင့်ခံရပြီးကိုယ်ဝန်ပျက်ကျသွားခဲ့ ဘွန်းတစ်ယောက် နောက်ဆုံးမှာတော့ သူ့အပေါ်အနိုင်ကျင့်ခဲ့တဲ့သူတွေကိုလက်တုံ့ပြန်နိုင်ဖို့အတွက် အောက်လမ်းပညာကို အသုံးချပါတော့တယ်…ပရာတန်နဲ့သူငယ်ချင်းတွေအပါအဝင် သူ့မိသားစုကို ဘွန်းဘယ်လိုမျိုး လက်စားချေသွားမှာလဲအောက်လမ်းပညာကို သုံးပြီး လက်စားချေတာကရော အောင်မြင်ပါ့မလားဆိုတာဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်…