လွန်ခဲ့တဲ့ ၁၀ နှစ်ကို ပြန်သွားနိုင်မယ်ဆိုရင် တူညီတဲ့အမှားတွေမလုပ်မိအောင် ကြိုးစားနိုင်မလား?ဒီဇာတ်လမ်းလေးကတော့ 27 နှစ်အရွယ် Atya ဆိုတဲ့ မိန်းကလေးတစ်ယောက် 12 နှစ်ကြာတွဲခဲ့တဲ့ကောင်လေးဆီက အဖြတ်ခံရ၊ ကိုယ်ဝါသနာပါတဲ့အလုပ်ကိုလည်း စွန့်ပစ်ပြီး တစ်ခြားစီးပွားရေးလုပ်ငန်းကိုလုပ်ခဲ့လို မပျော်ရွှင်ရတဲ့အပြင် အထက်တန်းတုန်းကသူများကိုအနိုင်ကျင့်ခဲ့တဲ့လုပ်ရပ်တွေကြောင့် အရှက်ရစရာတွေမျိုးစုံနဲ့ ရင်ဆိုင်နေရပါတယ်။ဒါပေမဲ့ဆန်းကြယ်တဲ့ကံကြမ္မာက သူ့ကိုလွန်ခဲ့တဲ့ 10 နှစ် အထက်တန်းကျောင်းသူဘဝကိုပြန်လည်ခေါ်ဆောင်သွားချိန်မှာတော့ တူညီတဲ့အမှားတွေထပ်မလုပ်မိအောင်၊ ဟိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ပြီး သူ့ဘဝကိုပြောင်းလဲနိုင်အောင် ဘယ်လိုကြိုးစားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာစိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။