Jee Ve Sohneya Jee HD

Jee Ve Sohneya Jee

Romance HD 2024-02-16 8.3 141 Min

အလီပါဗစ်ဇ်က ကမ္ဘာအနှံ့ခြေဆန့်လို့ သူ့ဆိုင်ကယ်လေးနဲ့ ဦးတည်ရာမရှိ ခရီးသွားချင်သူပါကစ္စတန်သား တစ်ဦးပါသူတစ်ခါခရီးထွက်ရင် လနဲ့ချီကြာလို့ မိသားစုနဲ့ပါ အဆက်အသွယ်ဖြတ်တတ်ပါတယ်တစ်နေ့တော့သူ့အိမ်က ဖုန်းဝင်လာလို့ ကိုင်လိုက်ချိန်မှာ သူ့အမေရဲ့စကားတစ်ခွန်းကသူ့ဘဝကိုအလှည့်အပြောင်း ဖြစ်စေလာပါတော့တယ်အဲဒါကတော့ သူတို့မိသားစုပိုင်စက်ရုံ မီးလောင်သွားဝာာပါပြာကလွဲလို့ဘာမှမရှိတော့တဲ့အခါ ပြန်လည်နလံထူဖို့ ခက်ခဲခဲ့ပါတော့တယ်အဲဒီလိုကြပ်တည်းနေချိန်မှာ သူ့ဖခင်ရဲ့စီးပွားရေး ပါတနာက သူ့သမီးလေးနဲ့အလီပါဗစ်ဇ်ကို စေ့စပ်ပေးပြီးတော့ သူတို့စီးပွားရေးကိုလည်း ပြန်လည်ကူညီပေးခဲ့ပါတယ်အလီပါဗစ်ဇ်ကိုလည်း စေ့စပ်ပွဲပြီးရင် လန်ဒန်မှာကိုယ့်ဘာသာရပ်တည်နိုင်ဖို့ ကူညီပေးခဲ့ပြန်ပါတယ်ဒီလိုနဲ့ delivery သမားဘဝနဲ့ရုန်းကန်ဖို့ လန်ဒန်ကို ထွက်လာခဲ့ပါတော့တယ်အဲဒီအချိန် အလီပါဗစ်ဇ်နဲ့မယ်ဟာတို့နှစ်ဦး တွေ့ဖို့အကြောင်းဖန်လာပါတယ်မယ်ဟာက ပညာသင်ဆုရကျောင်းသူလေးတစ်ဦးဖြစ်သလို ကင်မရာတစ်လုံးနဲ့တစ်ကိုယ်တည်း ခရီးသွားရတာ ကြိုက်နှစ်သက်သူ အိန္ဒိယသူလေးပေါ့သူငယ်ချင်း‌တွေကြားထဲလည်း သူ့ကို ဟစ်ပီလို့ခေါ်ရတဲ့အထိ တစ်ကိုယ်တော်စွန့်စားချင်သူလေးပါသူ့ဘဝမှာ စာအုပ်ရယ် ဂီတရယ် ခရီးထွက်ဖို့ဝါသနာအပြင်ကလွဲရင် တခြားစိတ်ဝင်စားမှု မရှိပါဘူးမိဘကအိမ်ထောင်ချပေးဖို့ စီစဉ်နေတာမို့လည်း ဒီကိစ္စနဲ့ပတ်သတ်ပြီးအိမ်နဲ့အမြဲရန်ဖြစ်နေတုန်းပါလူမျိုးဘာသာတွေမတူတဲ့အပြင် ဘဝအခြေအနေတွေပါမတူကွဲပြားနေတဲ့သူတို့နှစ်ယောက် ဘယ်လိုဆုံစည်းလို့ ဘယ်လိုရှေ့ဆက်မှာလဲသူတို့ရဲ့ဘဝအသီးသီးကရော ဘယ်လိုဆက်ဖြစ်မလဲနိုင်ငံခြားတိုင်းပြည်မှာ ရုန်းကန်လှုပ်ရှားရတဲ့ဘဝကရော ဘယ်လိုဖြစ်မလဲဒါတွေကိုသိမြင်ခံစားရဖို့ ဒီဒရမ်မာလေးကို အတူစီးမြောကြည့်ရှုကြရအောင်ပါ