ဒီကားလေးကတော့ ထရပ်ကားမောင်းရင်း အသက်မွေးဝမ်းကြောင်းပြကြတဲ့ သားအဖနှစ်ယောက်အကြောင်းကိုရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ အဖေလုပ်သူက မိန်းမဖြစ်သူနဲ့ကွဲနေတာဖြစ်ပြီးပတ်ဝန်းကျင်ကတော့အဖေ့မိန်းမဟာ သူ့ကိုပစ်ပြီး တခြားယောက်ျားနောက်လိုက်သွားတယ်လိုပြောကြပေမဲ့ အဖေကိုယ်တိုင်ကတော့ဒီအကြောင်းက မမှန်ကြောင်းအမြဲပြောလေ့ရှိပါတယ်။သားဖြစ်သူဟာလည်း အိမ်ထောင်ပြုရမဲ့ အရွယ်ကိုရောက်နေပြီဖြစ်ပေမဲ့အခုထိ အိမ်ထောင်မကျသေးတဲ့အတွက် အိမ်ထောင်ပြုဖိုအတွက်ကို တိုက်တွန်းလိုနေပါတယ်။ သားဖြစ်သူလိုချင်တဲ့အိမ်ထောင်ဖက်က သူချစ်တဲ့သူ၊ သူ့ဘဝကို စီမံခန့်ခွဲပေးနိုင်တဲ့ ဇနီးကောင်းလေးမျိုးကို လိုချင်နေသူပေါ့။ဒီလိုနဲ့ သားဖြစ်သူဟာချမ်းသာမှုကို လိုလားတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံမိကြရာမှာတော့ ………ထရပ်ကားမောင်းရင်း ဘဝကို အဆင်ပြေသလိုလေး နေနေတဲ့ သားဖြစ်သူနဲ့ ချမ်းသာချင်တဲ့ အမျိုးသမီးလေးတိုဘဝမှာ ဘာတွေ ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို ကြည့်ရှုရမဲ့ ပန်ချာပီ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။