မွန်ဘိုင်းမြို့ရဲ့ အထက်တန်းကျတဲ့ ဘဝကနေ ရိုဂူနာသ်ပူလိုမျိုး မတရားမှုတွေ ထူပြောတဲ့ ဒေသလေးဆီကိုမမျှော်လင့်ဘဲ ရောက်ရှိလာတဲ့ ရဲအရာရှိဆူရာယာ ဒီဒေသ အကြောင်းပြောရရင် ဒီမှာ မွေးဖွားလာတဲ့ကလေးတွေကအမေဆိုတဲ့စကားလုံးကို အရင်မသင်ရဘဲ ဒီဒီမိုနီဆိုတဲ့ အမျိုးသမီးနာမည်ကိုအရင်သင်ရပါတယ် ဒီအမျိုးသမီးကဒီနယ်မြေတစ်ခုလုံးကို လွှမ်းမိုးထားတာကြောင့်ပါ မတရားမှုတွေမှာ သူ့ကိုမယုံလို့ ရဲဆီသွားတိုင်ရင်တောင်လချီကြာတဲ့အထိ ဘာသတင်းမှမရတဲ့အချိန် ဒီအမျိုးသမီးကတော့ ဘယ်လိုပြဿနာမျိုးကိုမဆိုနေ့မကူးဘဲ ဖြေရှင်းနိုင်စွမ်းရှိပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်း တရားမဝင်လုပ်ငန်းတွေနဲ့ အုပ်စိုးနေတာကို ဆူရာယာတစ်ယောက် မျက်ကွယ်ပြုနိုင်ပါ့မလားဆူရာယာနဲ့ ဒီဒီမိုနီတို့ရဲ့ အားပြိုင်မှုကို အဓိက ပုံဖော်ထားတဲ့ဒီကားမှာမတရားမှုတွေကို တွန်းလှန်ရင်း သူ့ရဲ့မိသားစုနဲ့ဒေသခံပြည်သူတွေကို ကာကွယ်ဖို့ ဆူရာယာက ဘယ်လိုတွေကြိုးပမ်းသွားမလဲ ဒီလို တိုက်ပွဲဝင်ရင်းနဲ့ပဲမထင်မှတ်ထားတဲ့ အချစ်ရေးပြဿနာတွေ ဟာသအလွဲလေးတွေနဲ့လည်း ကြုံတွေ့ရဦးမှာဖြစ်လို့ လိုက်ပါကြည့်ရှုလိုက်ပါရှင်