El Candidato Honesto HD

El Candidato Honesto

Comedy HD 2024-08-08 6.7 95 Min

ဒီဇာတ်ကားလေးက ရိုးသားတဲ့နိုင်ငံရေးသမားတစ်ယောက်ရဲ့ ဘဝကိုအခြေခံယူပြီးရိုက်ကူးထားတာပါ။အဓိကဇာတ်‌ကောင် တိုနာဟာ ငယ်စဉ်ထဲကမိဘကိုဆူံရှုံးခဲ့ရတဲ့အပြင်ကိုမှ ဆင်းဆင်းရဲရဲနဲ့အဖွားဖြစ်သူရဲ့ ဂရုစိုက်မှုတွေနဲ့ကြီးပြင်းလာရပါတယ်။လိမ္မာရိုးသားစွာနဲ့ ကြီးပြင်လာတဲ့သူဟာကြိုးစား‌တဲ့အလျောက် နိုင်ငံရေးသမားတစ်ယောက်ဖြစ်မှန်းမသိဖြစ်လာပြီးတော့မက္ကဆီကိုနိုင်ငံရဲ့ အကြီးအကဲတွေအကျင့်ပျက်ခြစားနေတာ လာဘ်ပေးလာဘ်ယူလုပ်တာတွေကိုဖော်ကောင်လုပ်ခဲ့ပါတယ်ဒါပေမဲ့မုသားမကင်းတဲ့လောကကြီးထဲ သူကိုယ်တိုင်ကလည်းသမ္မတဖြစ်ချင်ဇောနဲ့ ထိုသူတွေထဲကတစ်ယောက်ဖြစ်လာပါတော့တယ်။လူတွေကိုလိမ်ညာပြီးမဲဆွယ်နေတဲ့တိုနာဟာသူ့အဖွားတစ်ယောက်မသေခင်သွားတွေ့ရင်း အဖွားဖြစ်သူကျိန်စာတိုက်တာခံလိုက်ရတာကြောင့် မုသားလုံးဝပြောမရ၊မဟုတ်တာဘာမှလုပ်မရတဲ့အခြေနေကိုရောက်သွားတဲ့အခါမှာတော့သူ့ဘဝကဘယ်လိုတွေပြောင်းလဲသွားမလဲ သူကိုယ်တိုင်ကရောအရင်လိုပြန်ဖြစ်လာနိုင်မလားဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။