ခေတ်ဟောင်းကားတွေ ကြည့်ရတာ ကြိုက်တဲ့သူတွေအတွက် ၁၉၄၆ခုနှစ်ထွက် Crime/Noir အမျိုးအစား ကားကောင်းနဲ့ မိတ်ဆက်ပေးပါရစေ။ အဲ့ဒီခေတ်က နာမည်ကြီး ခဲ့တဲ့ Humphrey Bogart နဲ့ LaurenBacall တို့ပါဝင်ထားတာပါ။ အပြင်မှာလည်း သူတို့နှစ်ယောက်က လက်ထပ်ဖူးတဲ့ စုံတွဲတွေ ဖြစ်ပါတယ်။Philip Marlowe က အလွတ်စုံထောက်တစ်ယောက်ပါ။ သူ့ကို ဗိုလ်ချုပ် Sternwood က အမှုတစ်ခုလိုက်ပေးဖို့ ငှားပါတယ်။ Sternwood မှာ သမီး နှစ်ယောက် ရှိပါတယ်။ အကြီးဖြစ်တဲ့ Vivian Rutledge နဲ့ အငယ်ကတော့ Carmen Sternwood ပါ။အကြီးမက အိမ်ထောင်ကွဲထားပါတယ်။ အငယ်မ Carmen ကတော့ ဂြိုလ်အရမ်းမွှေတဲ့သူမျိုးပါ။ ပြဿနာက Carmen ရိုက်ထားတဲ့ ပုံတွေကို Geiger ဆိုသူက ဗိုလ်ချုပ် Sternwood ဆီ ပို့ပြီးခြိမ်းခြောက်ငွေညှစ်တာပါ။Marlowe တစ်ယောက် Geiger ရဲ့ အိမ်ကို သွားစုံစမ်းကြည့်တဲ့ အခါ Geigerက ကြမ်းပြင်ပေါ်မှာလဲနေပြီး Carmen ကတော့ ဆေးတွေ မူးပြီး ဘာမှ မသိပါဘူး။ Geiger ရဲ့ အိမ်ကို ပြန်သွားတဲ့ အခါအလောင်းက ရှိမနေတော့ပါဘူး။ Marlowe အိမ်ပြန်ရောက်တဲ့အခါ သူ့မိတ်ဆွေ စုံထောက် Bernie က ဆိပ်ကမ်းမှာ ကားတစ်စီးမြောနေပြီး အလောင်းတစ်လောင်းပါကြောင်း ပြောပြပါတယ်။ Marloweတစ်ယောက် Carmen ခြိမ်းခြောက်ခံရတဲ့ အမှုကိုလိုက်ရင်း မမျှော်လင့်ထားတဲ့ အမှန်တရားတွေ များစွာ သိလာရပါတော့တယ်။