သိုင်းကားတွေမြတ်နိုးကြတဲ့ ပရိသတ်ကြီးအတွက် ရှောင်လင်သိုင်းကားဟောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Shaw Brothers ကနေ ထုတ်လုပ်ထားပြီး ဒါရိုက်တာကလည်းကွန်ဖူးကားတွေကိုပိုင်နိုင်တဲ့ Chia Tang ပဲ ဖြစ်ပါတယ်။ကျား လေ တိမ် နဂါးဆိုတဲ့ အိမ်တော်ကြီးလေးအိမ်က အကြီးအကဲတွေ တစ်ယောက်ပြီးတစ်ယောက် သေဆုံးလာတဲ့အခါ သိုင်းပညာရှင်မလေးယဲ့ချင်းဟွားကို လူသတ်သမားလို စွပ်စွဲလာခဲ့ကြပါတယ်။ ဒါပေမဲ့ ယဲ့ချင်းဟွားရဲ့မိတ်ဆွေတွေဖြစ်တဲ့ သိုင်းသမားလိန်ရွှင်းနဲ့ ချောင်ယိသော်တိုနှစ်ယောက်ရဲ့ကျေးဇူးနဲ့ မြားဦးဟာ ရှောင်လင်ကျောင်းကဘုန်းတော်ကြီးတွေဆီ ရောက်သွားတော့တာပါပဲ။ လိန်ရွှင်းတို စွပ်စွဲတာကို သည်းမခံနိုင်တဲ့ ကိုယ်တော်တို့ဟာ လိန်ရွှင်းတိုသုံးယောက် စွပ်စွဲချင်သပဆိုရင် ဘယ်သူမှမကျော်လွှားနိုင်ဘူးလို့ နာမည်ကြီးတဲ့ရှောင်လင်ကျောင်းရဲ့အဆင့်သုံးဆင့်ကို ကျော်ဖြတ်ရမယ်လို စိန်ခေါ်လိုက်တဲ့အခါ…အိမ်တော်ကြီးလေးအိမ်ကို သတ်နေတဲ့ လက်ဝါးသိုင်းဟာ ရှောင်လင်ကျောင်းထွက် ဘုန်းကြီးတွေဆီကနေပဲ ရောက်လာတာလား? ဘုန်းကြီးတွေက တကယ်ပဲ လူသတ်ခဲ့သလား?လိန်ရွှင်းနဲ့ ချောင်ယိသော်တို့အဆင့်သုံးဆင့်ကိုကျော်ဖြတ်ပြီး လူသတ်သမားအစစ်အမှန်ကို သိသွားမလား? စတာတွေကိုတော့ IMDb 7.1/10, RT 75% ရထားတဲ့ ဒီရှောင်လင်ကားမှာ လိန်ရွှင်းနဲ့ ချောင်ယိသော်တိုနဲ့အတူစုံစမ်းကြည့်ရှုလိုက်ကြပါဦး။