Gothic Slayers HD

Gothic Slayers

Comedy Horror HD 2025-03-04 5 101 Min

ဒီကားက B Movieပေမဲ့ B Movieအနေနဲ့တော့ သိပ်မဆိုးဘူးထင်တာပါပဲ။ မီနီဂေါက်ကွင်းလေးတစ်ခုမှာ အလုပ်လုပ်တဲ့ ဘာမှမဖြစ်လာတဲ့ ကောင်လေး၂ယောက်ရှိတယ်။သူတို့၂ယောက်ကဘာကောင်တွေမှတော့မဟုတ်ပေမဲ့ ပျော်ပျော်ကြီးတော့ နေနေကြတာပါပဲ။ ဒီဘာမှမဟုတ်တဲ့ ကောင်လေး၂ကောင်က ကမ္ဘာကြီးကို ကယ်တင်ဖို့အကြောင်းဖန်လာခဲ့တယ်။ဖန်လာပုံကသူတို့သူငယ်ချင်းတစ်ယောက်ကို အဖွဲ့တစ်ဖွဲ့က ဖမ်းသွားတယ်။ သူတို့သူငယ်ချင်းကို ကယ်ဖို့လိုက်ချောင်းရင်း ဒီအဖွဲ့က နတ်ဆိုးကို ခန္ဓာကိုယ်ပြောင်းပေးဖိုလုပ်နေတာကိုသိလိုက်ရတယ်ဒီလောက်တင်မဟုတ်ဘဲ မြို့ကိုပါ ဖျက်ဆီးဖိုကြံနေတာကိုလည်းသိလိုက်ရတယ်။ နတ်ဆိုးနဲ့ သူ့နောက်လိုက်အဖွဲ့တွေကို ဒီကောင်လေး၂ကောင်က ရင်ဆိုင်ပြီး ကမ္ဘာကြီးကို ကယ်တင်မှာကိုကြည့်ရမယ့်ဇာတ်ပါပဲ။