မာနူရယ် လို့ခေါ်တဲ့ စီးပွားရေးသမား တစ်ဦးနဲ့ လာဘရီ လို့ခေါ်တဲ့ လေယာဉ် တစ်ယောက်ဟာ လေယာဉ်စီးရင်း ပထမဆုံး ဆုံတွေ့ကြတာ ဖြစ်ပေမဲ့ နှစ်ယောက်သားကြားက မြင်မြင်ချင်း ချစ်မိသွားတဲ့အချစ်ကတော့ အင်မတန် ကြီးမားခဲ့ပါတယ်။လေယာဉ် ဆိုက်ရင် တွေ့ကြဖို့ စီစဉ်ထားခဲ့ကြ ပေမဲ့ ကံကြမ္မာရဲ့ မျက်နှာသာမပေးမှု ကြောင့် ကွေကွင်းသွားခဲ့ရပါတယ်။ဒီလိုနဲ့ ခုနှစ် နှစ်ကြာပြီးတဲ့ နောက်မှာနှစ်ယောက်သားမှာ ဆိုင်သူ ပိုင်သူ အသီးသီး ရှိနေတဲ့ အချိန်မှာ ပြန်လည် ဆုံတွေ့ကြတဲ့ အချိန်မှာကော ပထမဆုံး တွေ့တုန်းက လောင်ကျွမ်းခဲ့တဲ့ အချစ်မီးက ဆက်လက် လောင်ကျွမ်း နေဆဲလား ဆိုတာကိုဇာတ်လမ်း ထဲမှာ ကြည့်ရှု့ ခံစားလိုက်ပါ ခင်ဗျာ။