ဟန်ဂေရီစကားပြော မိသားစု ဟာသရုပ်ရှင်လေးကို တင်ဆက်လိုက်ပါတယ်မိခင်အိုကြီးဟာ သူ့ခင်ပွန်းသည်နဲ့ နှစ်ယောက်သား အသစ်အဆန်းတွေ အတူတူလုပ်ခဲ့ဖူးပြီး ခင်ပွန်းသည်ဆုံးသွားတော့အထီးကျန်ဘဝရောက်သွားပါတယ်သမီး ၃ ယောက်ကလည်း သူ့အလုပ်နဲ့သူ ကိုယ့်ဘဝနဲ့ကိုယ် တစ်ယောက်တစ်ပေါက် ဖြစ်နေကြချိန်မှာမိခင်အိုကြီးက သူ့ယောကျ်ားနဲ့ အသစ်အဆန်းလုပ်ရမယ့်စာရင်းထဲက နောက်ဆုံးတစ်ခုကျန်တဲ့ မာရသွန်ပြေးဖို့ လုပ်ပါတော့တယ်မာရသွန်အပြည့်ပြေးဖို့ သူ့အတွက်မဖြစ်နိုင်တာကြောင့် သမီး ၃ ယောက်ကိုခေါ်ပြီးစုစုပေါင်း ၄ ယောက်တစ်ဖွဲ့ လက်ဆင့်ကမ်း မာရသွန်ပြိုင်ဖို့ ကြိုးစားရာမှာတော့ ။ ။