ဒီကားလေးကတော့ Black Out, Uncle Samsik, Following, Mr. Sunshine စတဲ့ နာမည်ကြီးဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Byun Yo Han နဲ့ Newtopia, The 8 Show, Harbin, Keys to the heart စတဲ့ဇာတ်ကားကောင်းတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Park Jeong Min တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ကားဟောင်းလေးဖြစ်ပါတယ်။အထက်တန်းကျောင်းသားဘဝတုန်းက ကျောင်းသားတွေကို အနိုင်ကျင့်ခဲ့တဲ့ ဆရာတစ်ယောက်ကို ကိုယ်တိုင်လုပ်လက်လုပ်ဗုံးနဲ့ဖောက်ခွဲပြီး ထိခိုက်ဒဏ်ရာရစေခဲ့တဲ့ “ဘတ်ဂျောင်းဂူ” ဟာ လက်ရှိအရွယ်မှာတော့ လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းထဲ ပြန်ဝင်ဆံ့အောင်ကြိုးစားနေတဲ့သူတစ်ယောက်ပေါ့။တတ်စွမ်းသလောက်ကြိုးစားပေမဲ့လည်းရှိခဲ့ဖူးတဲ့အတိတ်ကြောင့် တက္ကသိုလ်မှာလည်း ဘွဲ့လွန်ဆက်တက်ရောက်ခွင့်မရသလို အလုပ်အင်တာဗျူးတွေမှာ အငြင်းခံရတာ စတဲ့ စိတ်ဒုက္ခတွေနဲ့ရင်ဆိုင်နေရတာပေါ့။အဲဒီစိတ်ဒုက္ခတွေ ပင်ပန်းမှုတွေကိုစိတ်ပြန်ဖြေတဲ့အနေနဲ့ “ဘတ်ဂျောင်းဂူ” က သူတတ်ကျွမ်းတဲ့လက်လုပ်ဖောက်ခွဲရေးဗုံးတွေလုပ်ပြီး အသုံးလိုမယ်လို့ထင်တဲ့လူတွေဆီကို ပို့ဆောင်ပေးရင်းစိတ်ကျေနပ်မှုရယူနေပါတော့တယ်။ဒါပေမဲ့ သူ့ဗုံးကိုလက်ခံရရှိတဲ့လူတွေထဲမှာ တစ်ယောက်ကမှ တကယ် လက်တွေ့အသုံးချတာမျိုး မလုပ်ခဲ့ပါဘူး။ဒီလိုနဲ့တစ်နေ့မှာ “အီဟျိုမင်း” ဆိုတဲ့ ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်နဲ့တွေ့ပြီး “အီဟျိုမင်း”ကဗုံးဖေါက်ခွဲရတာကို ပျော်မွေ့တဲ့သူဖြစ်နေတဲ့အခါ ..“ဘတ်ဂျောင်းဂူ” တစ်ယောက် “အီဟျိုမင်း” နဲ့ ဘယ်လိုရှေ့ဆက်မလဲ ..ဒီလိုမကောင်းတဲ့အလုပ်ကိုလုပ်ပြီး သူ့ဆန္ဒအတိုင်း လူမှုအသိုင်းအဝိုင်းမှာပြန်ဝင်ဆံ့နိုင်ပါ့မလား..ဘာတွေဘယ်လိုဆက်ဖြစ်ဦးမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။