The Notorious Finster HD

The Notorious Finster

Crime Horror Thriller Mystery HD 2024-05-28 5 113 Min

2024 ကမှ လောလောလတ်လတ်ထွက်ရှိထားတဲ့ horror, thriller အမျိုးအစားရုပ်ရှင်ဖြစ်ပါတယ်။သရဲကားမဟုတ်ဘဲ လူသတ်ကားဖြစ်ပြီး Finster (ဖင်းစတာ) ဆိုတဲ့လူသတ်သမားကိုအခြေခံပြီးဇာတ်အိမ်တည်ထားတာပါ။Annie (အန်နီ)ကတော့ လူသတ်ကောင်ရဲ့ရာဇဝတ်မှုတွေအကြောင်း စာအုပ်ထုတ်ထားသူဖြစ်ပြီး သူရဲ့လူသတ်မှုတွေနဲ့ပတ်သက်ပြီး စဉ်ဆက်မကွာရဲတွေနဲ့ပူးပေါင်းပါဝင်ကူညီနေသူတစ်ယောက်ပေါ့။ဇာတ်လမ်းက လူသတ်သမားကိုရှာဖွေတဲ့နေရာမှာ အသားပေးထားတာမို့ အားရပါးရလူသတ်ခန်းတွေတော့သိပ်မပါပေမယ့်စုံထောက်လုပ်ရတာကြိုက်တဲ့သူတွေအတွက်တော့ ကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲ။သဲလွန်စတွေတစ်ခုပြီးတစ်ခုရလာတဲ့နောက်မှာ လူသတ်ကောင်ကိုဖော်ထုတ်နိုင်မလားဆိုတာ ပဟေဠိဆန်စွာနဲ့ကြည့်ရှူရမှာဖြစ်ပြီးဇာတ်လမ်းအဆုံးမှာ လုံးဝမထင်မှတ်ထားလောက်မယ့် plot twist အကြီးကြီးတစ်ခုလည်းပါနေတာဆိုတော့ဘာဆက်ဖြစ်သွားလဲသိချင်စိတ်နဲ့ အဆုံးထိကြည့်ချင်မိမှာအမှန်ပါပဲ..