Parannu Parannu Parannu Chellan HD

Parannu Parannu Parannu Chellan

Comedy Drama Romance HD 2025-01-31 8.3 120 Min

အချစ်ဆိုတာ တည်ငြိမ်အေးချမ်းမှုပါတဲ့ဒါပေမဲ့ နှစ်ကိုယ်တူဘဝ တည်ဆောက်ဖို့ရာမှာတော့အချစ်တစ်ခုတည်းမဟုတ်တော့ဘဲ ညှိနှိုင်းစဉ်းစားရမှာတွေ ရှိလာပါတယ်ကမ္ဘာအဝှမ်းမှာ ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမျိုးရေးတွေ အမျိုးအစားစုံ ရှိသလိုပဲအိန္ဒိယမှာလည်း တချို့သောသူတွေက ဒါတွေကို အလေးပေးနေဆဲပါပဲယောက်ျားလေးတစ်ယောက်ဟာ အဆင်ခြင်မဲ့ ရူးမိုက်စွာလုပ်ဆောင်လာတာရှိရင် ဒါဟာအချစ်ကြောင့်ပါပဲတဲ့ရွာက သာမန်ကောင်လေးတစ်ယောက်က လူငယ်သဘာဝ ကောင်မလေးတစ်ယောက်နဲ့ ချစ်ကြိုက်မိပါတယ်ဒါပေမဲ့ကောင်မလေးတို့က မျိုးရိုးမြင့်ထဲကပါသူတို့အကြောင်းသိသွားတော့သဘောလုံးဝမတူပါဘူးကောင်လေးဖြစ်သူကိုအနုနည်းနဲ့ လှောင်ပြောင်သရော်တာတို့ ရှိသလို အကြမ်းနည်းနဲ့ ခြိမ်းခြောက်ဒုက္ခပေးတာတွေပါရှိလာပါတယ်ကောင်လေးကတော့ သူချစ်တဲ့သူနဲ့ခွဲခွာမှာမဟုတ်သလို အခွင့်ကြုံလာရင်လည်း လက်စားချေဖို့ တွေးတောနေတာပါခံစားချက်တွေ စစ်မှန် နက်ရှိုင်းနေတဲ့ စုံတွဲလေးကတော့ အခက်အခဲတွေကိုအံတုကျော်လွှားရင်းသည်းမခံနိုင်လာတဲ့တစ်ရက်ကျ ခိုးရာလိုက်ပြေးဖို့ စီစဉ်ကြပါတော့တယ်အဲဒီအချိန်မှာပဲ သူတို့အစီအစဉ်ကို ကောင်မလေးဘက်က သိသွားဝာာမို့ သူတို့ကြံစည်ချက်အထမမြောက်ဖို့ကောင်မလေးရဲ့မိသားစုက လုပ်ဆောင်ပါတော့တယ်ဒီဇာတ်လမ်းလေးက ၉၀ ခုနှစ်များဆီက ကျေးလက်တောရွာ ဓလေ့လေးကို ဇာတ်အိမ်တည်ထားတာပါအဲဒီခေတ် အဲဒီပတ်ဝန်းကျင်နယ်ပယ်ရဲ့ အချစ်ကိုပုံဖော်ပုံလေးပေါ့လေသူတို့စုံတွဲလေးရဲ့ ဘဝခရီးလမ်း ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရှုခံစားကြည့်ကြရအောင်ပါ