ဇာတ်လမ်းအကျဥ်းကတော့ ခရက်စတီဟာ Baby-Sitters Club ရဲ့ Founder ဖြစ်ပြီးသူ့သူငယ်ချင်း ၆ယောက်နဲ့အတူ ကျောင်းအားချိန်မှာကလေးထိန်းတဲ့ ဝန်ဆောင်မှုတွေ လုပ်ကြပါတယ်။သူတို့ကျောင်းပိတ်တော့ တစ်ယောက်နဲ့တစ်ယောက် မခွဲချင်ဘူးတစ်နေရာတည်းမှာပဲအတူလုပ်ကြမယ်ဆိုပြီး ကလေးတွေအတွက်Camp တစ်ခုဖွင့်ဖို့ အကြံရလာကြပါတယ်။Campဖွင့်တစ်လျှောက်မှာ သူတို့ရင်ဆိုင်ရတဲ့ကမောက်ကမပြဿနာတွေ၊မိသားစုပြဿနာတွေဆယ်ကျော်သက်အချစ်ဦးကိစ္စတွေကို ဒီဇာတ်ကားထဲမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။သူတို့ သူငယ်ချင်း ၇ယောက်ရဲ့ တစ်ယောက်နဲ့တစ်ယောက် ဖေးမတာတွေ၊သူငယ်ချင်းအစစ်တွေရဲ့ရသကိုလည်းဟာသလေးနှောရင်း ခံစားရဦးမှာဖြစ်ပါတယ်။ဒီဇာတ်ကားကနေ သူငယ်ချင်းတွေရဲ့ချစ်ခြင်းမေတ္တာတွေသူတို့ရဲ့ပြဿနာဖြေရှင်းပုံတွေကို ခံစားရမယ့်အပြင်ကလေးငယ်တွေရဲ့အပြုအမူတွေကအပြစ်ကင်းစင်တဲ့အပြုအမူအပြောအဆိုတွေကရီလည်းရီရ ချစ်စရာလည်းကောင်းတာမို့ဒီဇာတ်လမ်းကတော့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။