Kryptic HD

Kryptic

Drama Horror Thriller HD 2025-06-09 8.3 96 Min

ကေးဟောလ်ဟာ အမျိုးသမီးတောင်တက်အဖွဲ့တစ်ဖွဲ့နဲ့အတူ ခရီးစဉ်တစ်ခုအတူလိုက်ပါခဲ့ရင်း တောအုပ်ထဲမှာလူကွဲသွားရာကနေထူးဆန်းပြီး ပဟေဠိဆန်တဲ့ သတ္တဝါတစ်ကောင်နဲ့ရင်ဆိုင်တွေ့ခဲ့ပြီးမှတ်ဉာဏ်တွေပျောက်ဆုံးသွားခဲ့ပါတယ်။သေချာတာ တစ်ခုကတော့ သူဟာ အရင်က ဒီနားတစ်ဝိုက်မှာ ပျောက်ဆုံးသွားခဲ့တဲ့၊ ပဟေဠိဆန်တဲ့သတ္တဝါဆိုင်ရာကျွမ်းကျင်သူ ဘာ့ဘ်ဗယ်လင်တိုင်းဆိုသူနဲ့တစ်ထေရာတည်းတူနေတယ်ဆိုတာပါပဲ။အဲ့ဒီတစ်ခုကလွဲလို့ သူကိုယ်တိုင် ဘယ်သူဘယ်ဝါလဲ ဘာအလုပ်လုပ်လဲဆိုတာ မမှတ်မိတော့တဲ့အတွက် ဘာ့ဘ်ဗယ်လင်တိုင်း ပျောက်ဆုံးသွားခဲ့တဲ့ခရီးစဉ်အတိုင်းခြေရာကောက်လိုက်ရှာဖို့ကြိုးစားပါတော့တယ်။အဲ့ဒီအချိန်မှာ သူမြင်မြင်လာတတ်တဲ့ အိမ်မက်ဆိုးဆန်ဆန်၊ တစ်ခါတစ်လေကျတော့လည်း ရမ္မက်သွေးကြွစရာ ပုံရိပ်တွေ၊အမြင်တွေဟာလက်ရှိဖြစ်ရပ်တွေနဲ့ဘယ်လိုပတ်သက်နေလဲ၊ သူနဲ့ရင်ဆိုင်ခဲ့တဲ့ ထူးဆန်းတဲ့သတ္တဝါဟာ တကယ်ရှိနေတာလား? ဒါမှမဟုတ် သူ့စိတ်ရဲ့စေ့ဆော်မှုတွေထဲက တစ်ခုလားပဟေဠိဆန်ဆန်အဖြေရှာရတာတွေကိုကြိုက်နှစ်သက်တဲ့သူတွေဆိုရင်တော့ ဒီကားကိုသဘောကျကြလိမ့်မယ်ထင်ပါတယ်။