Shadow HD

Shadow

Action War HD 2018-09-30 6.7 116 Min

တရုတ်ရဲ့ ဂန္တဝင်ဒါရိုက်တာကြီး ကျန်းရိမူရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားက အဖြူအမဲ ကာလာပုံစံနဲ့ အတော်ကိုမိုက်တဲ့  ရာဇဝင်နောက်ခံ ဝူရှသိုင်းဇာတ်ကားပါ။ရှေးခေတ်တုန်းက အမတ်တွေ ဘုရင်တွေဟာလုပ်ကြံခံရမှာကြောက်လို့ လူစားတွေလဲထားတတ်ကြပါတယ်။အဲဒီလို လူစားထိုးတဲ့လူကို အရိပ်လို့ ခေါ်ပါတယ်။အဲ့ဒီကာလက ပေနိုင်ငံရဲ့ ကျင်းမြို့ဟာ ရန်သူတွေသိမ်းပိုက်ခံထားရပြီးတော့ ယန်မျိုးနွယ်စစ်သူကြီးကကာကွယ်ထားတဲ့အတွက် ဘယ်သူမှ ပြန်မသိမ်းနိုင်တဲ့အခြေအနေပါ။ပေနိုင်ငံရဲ့ စစ်သူကြီးဟာ ဒီမြို့ကိုပြန်ယူဖို့ ယန်စစ်သူကြီးနဲ့ စီးချင်းထိုးဖို့ စိန်ခေါ်ခဲ့ပါတယ်။ဘုရင်ရဲ့ ပရိယာယ်၊ စစ်သူကြီးရဲ့ အကြံအစည်တွေကြားမှာ ညပ်နေတဲ့ အရိပ်တယောက်အကြောင်းကိုကျန်းရိမူစတိုင်အတိုင်း နောက်ခံတီးလုံးအမိုက်စား တင်ဆက်ပုံအမိုက်စားနဲ့ကြည့်ရှုခံစားရမှာပါ။Golden Horse Awards ဆုပေးပွဲမှာ အကောင်းဆုံးဒါရိုက်တာ Best Director ,Best Visual Effects ,BestArt Direction,Best Makeup & Costume Design ဆုတွေရရှိခဲ့သလိုရုံတင်ဝင်ငွေလဲ $91.7 million ထိ ရရှိအောင်မြင်ခဲ့ပါတယ်။