Pizza Boy Rick FHD

Pizza Boy Rick

Action Comedy FHD 2024-06-28 2 80 Min

ရစ်ခ် ဟာ အဖွားဖြစ်သူ ဆုံးပါးသွားပြီးနောက်မှာစိတ်ထင်ရာတွေကို လျှောက်လုပ်ရင်း ဘဝကြီးရဲ့အဓိပ္ပါယ်ကိုရှာဖွေနေသူပါ။  စိတ်ပိုင်းဆိုင်ရာလည်းဆိုးဆိုးရွားရွားထိခိုက်ထားတာကြောင့် ခံစားချက်တွေကိုပြန်လည် ဆက်စပ်ဖို့ကြိုးစားရင်း ရုပ်ရှင်အတန်းတစ်ခုကို တက်လိုက်မိပါတယ်။ရုပ်ရှင်အတန်းရဲ့ အိမ်စာအဖြစ် ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေဖို့ ပီဇာပို့သမားလေးအဖြစ် ယာယီလုပ်ကိုင်ရမှာဖြစ်ပါတယ်။ဒီလိုနဲ့ပဲ ရစ်ခ်တစ်ယောက်လည်းပီဇာဆိုင်လေးတစ်ခုမှာ ပီဇာပို့သမားလေးဖြစ်လာပါတော့တယ်။ စစလုပ်တဲ့ညမှာပဲ ပီဇာလိုက်ပို့နေရင်းနဲ့အိမ်တစ်အိမ်အရောက်မှာ လဲကျနေတဲ့လူတစ်ယောက်နဲ့ဆုံခဲ့ရပါတယ်။သူ ဟာ ထူးဆန်းစွာနဲ့ ရစ်ခ်ကို လိပ်စာတစ်ခုပေးပြီးသူ့အသက်ကိုကယ်ချင်ရင် အဲဒီနေရာကို သွားပေးဖို့ပြောလာတဲ့အခါမှာတော့ ….ဒီထူးဆန်းတဲ့လူဟာ ဘယ်သူလဲ…ရစ်ခ်ကိုသွားခိုင်းတဲ့နေရာကရော ဘယ်နေရာလဲ…..ဘယ်လိုထူးဆန်းတဲ့အရာတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကိုစိတ်ဝင်စားဖွယ်တင်ဆက်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။