ဆိုဖီက ဖခင်မရှိတဲ့ မိသားစုမှာကြီးပြင်းလာရပြီး မောင်နှမသားချင်းလည်း များတာကြောင့် ငွေကြေးအခက်အခဲအချို့လဲ ရှိနေခဲ့ပါတယ်။သူမက တက်သစ်စ သရုပ်ဆောင်ဖြစ်ပြီး ကြော်ငြာစရိုက်တော့မယ်ဆိုပေမဲ့ ရိုက်မည့်နေ့မှာ မလာနိုင်တာကြောင့် ဒါရိုက်တာ ဒေါပွပြီး ခေါ်မရိုက်တော့တဲ့အခါ မိသားစုအခက်အခဲတွေကြားက ရည်းစားဖြစ်သူကပါ ကိုယ်ဝန်ရတော့ အဆက်အသွယ်ဖျက်လိုက်တာကြောင့်စိတ်ညစ်နေခဲ့ပါတယ်။ဆိုဖီမှာ အက်ဆာလို့ခေါ်တဲ့ ယောက်ျားလေးသူငယ်ချင်းတစ်ယောက်လည်းရှိပါတယ်။ အက်ဆာက ဆိုဖီကို အမြဲကူညီပေးတတ်ပြီး တစ်ဖက်သက်ကြိုက်နေတယ်ဆိုလဲ မမှားပါဘူးဒီတော့ ဗိုက်တစ်လုံးနဲ့ ဆိုဖီ တစ်ယောက်ကို အက်ဆာ ဘယ်လိုစောင့်ရှောက်မလဲဆိုတာနဲ့ လောကဒဏ်ခံနေရတဲ့ ဆိုဖီရဲ့ စိတ်အခြေအနေကကော ဘယ်လိုရှိမလဲဆိုတာ……