ရေခဲပြင်ဟော်ကီအားကစားကို စိတ်ဝင်စားသူတွေအတွက် ဇာတ်လမ်းကောင်းတစ်ပုဒ် Mystery, Alaska တစ်မြို့လုံးနီးပါး ဟော်ကီအားကစားကို ချစ်မြတ်နိုးကြတဲ့ နှင်းတွေဖုံးလွှမ်းနေတဲ့ ရေခဲပြင်ပေါ်မှMystery မြို့သားများ။ Mystery မြို့ရဲ့ Hockey အသင်းအနေနဲ့ နာမည်ကြီး Hockey အသင်း New York Rangers ကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ အကြောင်းဖန်လာတဲ့အခါ…Sports comedy-dramaအမျိုးအစားဖြစ်တဲ့ ဒီရုပ်ရှင်လေးထဲမှာတော့ ဟော်ကီအားကစားကို အသားပေးထားပြီး အချစ်၊သံယောဇဉ်၊ဟာသနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေအကြောင်းကိုလည်း ထည့်သွင်းထားပါတယ်။ အဓိကအနေနဲ့Mystery မြို့သားတွေရဲ့ မြို့ကိုမြတ်နိုးတွယ်တာမှုတွေကို ဟော်ကီအားကစားနဲ့အတူ စိတ်လှုပ်ရှားစွာကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ဇာတ်လမ်းအနိမ့်အမြင့်၊ အတက်အကျတွေကလည်း ကြည့်ရှုသူတွေရဲ့ စိတ်နှလုံးကို ဆွဲခေါ်နိုင်တာကြောင့် ဟော်ကီအားကစားကြိုက်နှစ်သက်သူတွေအတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။