ဒီနေ့မှာ တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ ဒရာမာတွေအချိုးအကွေ့တွေကြားကသူငယ်ချင်းလေးယောက်ရဲ့ အချစ်ဇာတ်လမ်းကို ဖော်ပြထားတဲ့ မလေးဒရာမာလေးပဲဖြစ်ပါတယ်။ထုံးစံအတိုင်း လူငယ်တွေကြားက အချစ်ဇာတ်လမ်းဖြစ်လို့ dramatic ဖြစ်သလို ဟာသတွေလည်းပါအလွမ်းအဆွေးလည်းပါတဲ့ ရသစုံလင် romanceဇာတ်လမ်းလေးပေါ့။ဟာရီနဲ့ဆိုနီယာတို့က သိပ်ချစ်ကြပေမဲ့ အယူသီးလွန်းတဲ့ဆိုနီယာအမေက ပြဿနာဖြစ်နေပါတယ်။လက်ထပ်ပွဲအတွက်လေးပတ်ပဲလိုတော့တာတောင်ဇာတာမစစ်ရရင် လုံးဝသဘောမတူနိုင်တဲ့ယောက္ခမကြီးက အခုလည်း မော်လဒိုက်ဟန်းနီးမွန်းခရီးစဉ်အထိ ဝင်ပါပြီး ကန့်လန့်တိုက်နေသလိုဖြစ်နေပြန်တာပေါ့။အယူသီး တယူသန်တာကတစ်ဖက်၊အရာရာသူ့အမေအလိုကိုလိုက်နေတဲ့ဟာရီကို စိတ်ကုန်စပြုလာတဲ့ဆိုနီယာကတစ်ဖက်နဲ့လက်ထပ်ခါနီးမှ စကားတွေများနေရင်း ဟာရီက မြေစာပင်ဖြစ်နေတာပေါ့။တစ်ဖက်က ရူပီနီနဲ့ သာမီဇ်ကလည်း သာမီဇ်က အဖေနဲ့တွေ့စေချင် ရူပီနီကမတွေ့ချင် ဒီလိုနဲ့ ဒီနှစ်တွဲလည်းပြဿနာတွေထပ်ဖြစ်ကြပြီးအသည်းတွေထပ်ကွဲကြပြန်တာပေါ့။ ဒီမှာတော့ အသည်းကွဲနေတဲ့ရူပီနီက ဆိုနီယာကို ဟာရီဘက်ကိုလည်းကြည့်ပေးဖို့ဟာရီရဲ့လေးစားမှုကိုအသိအမှတ်ပြုဖို့ဖျောင့်ဖျရင်းအဆင်ပြေသရောင်ရောင်ဖြစ်သွားပါတယ်။ဒီလိုနဲ့ ဟာရီနဲ့ဆိုနီယာတို့ ဖိတ်စာဝေဖို့သွားရင်း လမ်းမှာ ဟန်းနီးမွန်းအကြောင်း စကားစရာကကတောက်ကဆဖြစ်ကြပြီး ယာဉ်မတော်တဆဖြစ်သွားတဲ့အခါမှာတော့…