အဆုတ်ရောဂါခံစားနေရတဲ့ နိုင်ငံ့ကိုယ်စားပြု သေနတ်ပစ်ကစားသမားလေး ယွန်းထယ်ဟွာ(Lee Soo-Hyuk) က အသက်ဆက်ရှင်နိုင်ဖို့ အဆုတ်အစားထိုးခွဲစိတ်မှု လုပ်ခဲ့ရပါတယ်။ထယ်ဟွာကိုအဆုတ်ပေးခဲ့တဲ့သူကတော့ တခြားသူမဟုတ် ကားတိုက်ပြေးမှု ကျူးလွန်ပြီးအလောင်းပစ်ထားခဲ့တဲ့ လူသတ်သမားဖြစ်တဲ့ သူ့ရဲ့အဖေပါပဲ။ထယ်ဟွာလည်း သေတာထက် ပိုဆိုးတဲ့ အပြစ်မကင်းစိတ်တွေနဲ့ရှင်သန်ရင်း ကားတိုက်ပြေးမှုနစ်နာသူရဲ့သမီး ဂွန်မီဂျီ (Ha Yoon-Kyung) ကို လိုက်ရှာနေတော့တာပေါ့။တစ်နေ့မှာတော့ ထယ်ဟွာတစ်ယောက် တိုက်တိုက်ဆိုင်ဆိုင်ပဲ ရွှေဆိုင်မှာ ပစ္စည်းခိုးနေတဲ့မီဂျီကိုမြင်တွေ့လိုက်ရပေမဲ့ သူ့ရဲ့အပြစ်မကင်းစိတ်တွေ နည်းနည်းပါးပါး လျော့လိုလျော့ငြားမျက်စိမှိတ်ပေးထားခဲ့ပါတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ မီဂျီက ကားတိုက်ပြေးမှု ဖြစ်တဲ့နေ့ကအမှန်တရားကိုထုတ်ပြောပြပြီး သူ့အမေကို အတူ ကူရှာပေးဖို့ ထယ်ဟွာကို ကမ်းလှမ်းလာတဲ့အခါမှာတော့…ကျူးလွန်သူရဲ့ သားနဲ့ နစ်နာသူရဲ့ သမီး… သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာကဘယ်လိုဆက်ဖြစ်မှာလဲ…မီဂျီ့အဖေရဲ့ သေဆုံးမှု နောက်ကွယ်မှာရော ဘယ်လို အမှန်တရားမျိုး ရှိနေမှာလဲဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။