အိန်ဂျယ်လာက သူ့ရဲ့ကောင်မလေးဖြစ်သူ လီရဲ့ မိသားစုအိမ်မှာ လီနဲ့အတူတူ နေနေတယ်..အိန်ဂျယ်လာနဲ့ လီတို့အတွဲက ဖန်ပြွန်သန္ဓေသားထည့်ဖို့ ကြိုးစားခဲ့ကြပေမဲ့ နှစ်ကြိမ်တိုင်တိုင်ကျရှုံးပြီးကလေးမရသေးတဲ့ အခြေအနေမှာဖြစ်နေတယ်..အိန်ဂျယ်လာရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်သူ ခရစ်ဟာလည်း လီတို့ရဲ့အိမ် စတိုခန်းမှာသူ့ရဲ့ကောင်လေးဖြစ်သူ မင်နဲ့ အတူတူနေနေကြတယ်..မင်ကတော့ကိုရီးယားကနေ လာခဲ့တဲ့ အနုပညာကျောင်းသားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဗီဇာဟာသက်တမ်းကုန်လွန်ခါနီးဖြစ်နေတာကြောင့် ခရစ်ကို လက်ထပ်ဖို့တောင်းဆိုခဲ့ပေမဲ့ဂေးဖြစ်ကြောင်းမိသားစုကိုအသိမပေးသေးတဲ့ မင်နဲ့ ခရစ်ဟာ လက်မထပ်ချင်သေးဘူး ဖြစ်နေခဲ့တယ်..အဲဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ အိန်ဂျယ်လာနဲ့ ခရစ်တို့ဟာသူတို့အတွဲ၂တွဲလုံးအတွက်အဆင်ပြေစေနိုင်မယ့် နည်းလမ်းကိုကြံစည်ခဲ့ကြတယ်..အိန်ဂျယ်လာကတော့ မင်ရဲ့ဗီဇာအတွက် မင်နဲ့လက်ထပ်လိုက်မှာဖြစ်ပြီး မင်ကတော့ဖန်ပြွန်သန္ဓေသားအတွက်စရိတ်ကိုထောက်ပံ့ပေးဖို့ပဲပေါ့..အဲဒီလိုနဲ့လက်ထပ်ဖို့ ဖြစ်လာခဲ့ကြတဲ့အခါ အိန်ဂျယ်လာနဲ့ မင်တို့ရဲ့ မိသားစုဝင်တွေကိုဘယ်လိုအယုံသွင်းပြီး သူတို့တွေ လက်ထပ်ဖို့ကို စီစဉ်သွားကြမှာလဲ…အိန်ဂျယ်လာနဲ့လီတို့ရဲ့ ဖန်ပြွန်သန္ဓေသားထည့်သွင်းမှုကရော ဘယ်လိုတွေဆက်ဖြစ်သွားမလဲ…သူတို့လက်တွဲဖော်တွေ အချင်းချင်းကြားမှာရော ဘယ်လိုကိစ္စတွေကြုံတွေ့လာမလဲဆိုတာကိုဟာသလေးတွေနဲ့စိတ်အပန်းဖြေရင်း ကြည့်ရှုလိုက်ကြပါဦးနော်။