Tin Soldier HD

Tin Soldier

Action Thriller HD 2025-05-22 8.3 87 Min

Robert De Niro ၊Scott Eastwood နဲ့ Jamie Foxx တို့လို ဒိတ်ဒိတ်ကြဲမင်းသားတွေ Cast အဖြစ်ပါဝင်ထားတဲ့ အသစ်ထွက် Action, Thriller ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ဘိုကူရှီ(Jamie Foxx)ဟာ အမေရိကန်စစ်ပြန်တွေကို စုဆောင်းပြီး ဂရိုဂရမ်လို့ ခေါ်တဲ့အဖွဲ့တစ်ခု တည်ထောင်ထားပါတယ်။အစပိုင်းမှာ ပရိုဂရမ်ရဲ့ရည်ရွယ်ချက်ဟာ PTSD ဝေဒနာခံစားနေရတဲ့စစ်ပြန်တွေကို ကူညီဖို့ဖြစ်ပေမယ့် နောက်ပိုင်းမှာ ဘိုကူရှီဟာ အစွန်းရောက်သွားပြီး စစ်ပြန်တွေကို အစိုးရကဂရုမစိုက်ဘူးဆိုပြီးပရိုဂရမ်အဖွဲ့ကို ဦးနှောက်ဆေးကာ အစိုးရကို တိုက်ခိုက်ဖို့လုပ်ပါတော့တယ်နက်ရှ်ကာဗန်နာ့ (Scott Eastwood)ကတော့ အမေရိကန်စစ်ပြန်တစ်ယောက်ဖြစ်ပြီး PTSD ဝေ‌‌ဒနာကို ခံစား နေရသလိုကားမတော်တဆမှုတစ်ခုမှာ ဇနီးဖြစ်သူကို ဆုံးရှုံးခဲ့ရတာကြောင့် လေလွင့်ပြီးဘဝကိုဖြစ်သလိုနေထိုင်နေသူဖြစ်ပါတယ် ။တစ်ရက်မှာတော့ သူ့ကို အီမန်နျူရယ်အက်ရှဘန်း(Robert De Niro)ဆိုသူက ချဉ်းကပ်လာပြီး ဘိုကူရှီရဲ့ခြံဝန်းကို ဝင်စီးမယ့်အစီအစဉ်မှာ ပါဝင်ဖို့စည်းရုံးလာပါတယ်။အစပိုင်းမှာ နက်ရှ်ကငြင်းဆိုခဲ့ပမယ့် သူ့ရဲ့ဆုံးပါးသွားတဲ့ဇနီးသည်ဟာ ဘိုကူရှီရဲ့ခြံဝန်းထဲမှာ အသက်ရှင်လျက်ရှိ‌နေနိုင်ကြောင်း အက်ရှ်ဘန်းကပြောလာတဲ့အခါမှာတော့..အက်ရှ်ဘန်းကဘာလို့ဘိုကူရှီကို ဖမ်းချင်နေရတာလဲ.. ဘာလို့ သူ့အစီအစဉ်မှာ နက်ရှ်လို လေ့လွင့်နေတဲ့စစ်ပြန်တစ်ယာက်ကို ပါစေချင်ရတာလဲ ..နက်ရှ်ရဲ့သေသွားပြီဖြစ်တဲ့ဇနီးကကော တကယ်ပဲအသက်ရှင်နေတာလား..နက်ရှ်နဲ့ ဘိုကူရှီ၊ အက်ရှ်ဘန်းနဲ့ ဘိုကူရှီတို့ရဲ့ဆက်နွယ်မှုတွေကကော ဘယ်လိုဖြစ်နေမလဲ..ဆက်ကြည့်ပြီး အဖြေရှာလိုက်ရအောင်ပါ။