လုပ်ငန်းရှင် အဘိုးကြီးတစ်ယောက်ရှိတယ်။ ရိုမီရို ဂျူးလိယက်ဇာတ်ကို သိပ်ကြိုက်တဲ့အဘိုးကြီးပေါ့။သူက အရာရာကိုဇာတာခွင်နဲ့ တွက်ချက်လုပ်တယ်။ သူ့လုပ်ငန်းအောင်မြင်အောင် သူ့မြေးကိုဇာတာခွင်အံကိုက်တဲ့ မိန်းကလေးနဲ့လက်ထပ်ပေးရမယ်လို့ သူကမြင်တယ်။ဒီတော့ သူက သူ့မြေးကို အတင်းလက်ထပ်ခိုင်းတယ်။ ကောင်မလေး မိသားစုဘက်ကိုလည်းစည်းရုံးပြီးနားချတယ်မိဘတွေသဘောတူပေမဲ့ ကလေးတွေက မကြိုက်ကြတော့ ကလေး၂ယောက်ပေါင်းပြီး လက်ထပ်ပွဲကို ဖျက်ဖို့ အကွက်ပေါင်းစုံဆင်ကြတာပေါ့။နောက်ပိုင်းမှာ သူတို့ရည်ရွယ်ချက်က အောင်မြင်လာကာမှသူတို့တကယ်ချစ်မိသွားတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ ကြည့်ရမယ့် အင်ဒိုးနီးရှား အချစ်ဟာသကားပါ။