Jungle 2 Jungle HD

Jungle 2 Jungle

Comedy Family HD 1997-03-04 5.3 105 Min

ဟာသမင်းသားကြီး Tim Allen ရဲ့ 1997 ထွက်ဟာသကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မိုက်ကယ် ခရုန်ဝဲလ် (Tim Allen) ဟာအောင်မြင်တဲ့ trader တယောက်ဖြစ်ပြီး ရည်းစားဖြစ်သူချားလော့နဲ့ လက်ထပ်ဖို့ပြင်ဆင်နေသူပါ။ ဒါပေမဲ့ ပထမဇနီးဖြစ်သူပက်ထရစ်ရှာနဲ့ အရင်ကွာရှင်းဖို့လိုသေးတာကြောင့် ပက်ထရစ်ရှာရှိတဲ့ဗင်နီဇွဲလားနိုင်ငံက လီပို လီပိုကျွန်းအထိလိုက်သွားခဲ့ပါတယ်။ပက်ထရစ်ရှာဆီကို ကွာရှင်းဖို့သွားခဲ့တာဆိုပေမဲ့ပက်ထရစ်ရှာဆီမှာသူနဲ့ရတဲ့ သားလေးတစ်ယောက်ရှိနေသလို ဒေသခံမျိုးနွယ်စုရဲ့ ဓလေ့အတိုင်းနေထိုင်တဲ့ ကလေးတယောက်ဖြစ်နေခဲ့ပါတယ်။မိုက်ကယ်လည်းသားဖြစ်သူနဲ့စကားစမြည်ပြောရင်းမတော်တဆ နယူးယော့ခ်က လေဘာတီရုပ်တုဆီလိုက်ပို့ပေးမယ်လို့ကတိပေးမိသွားခဲ့ပါတယ်။ဒါကြောင့် အဖေတယောက်ရဲ့ ကတိအတိုင်းလေဘာဆီရုပ်ဆီခေါ်သွားပေးဖို့သားဖြစ်သူ နယူးယော့ခ်ကိုခေါ်လာပြီးနောက်မှာတော့တောတွင်းသားနဲ့ သူ့အဖေတို့ရဲ့ နယူးယော့ခ်မြို့ပြမျက်မည်းပေါ်ကအလွဲလွဲအချော်ချော်ဖြစ်ကြပုံတွေကို ရယ်ရယ်မောမောကြည့်ရှုကြရမှာဖြစ်ပါတယ်။