မြန်မာလို အဓိပ္ပာယ်ပြန်မယ်ဆိုရင်တော့ အစစ်အမှန်ဖြစ်မှုပေါ့။ကျွန်တော်တို့ အခုခေတ်မှာ သိပ်ကိုကြားရတဲ့ စကားလုံးတစ်လုံးပဲ။လူတိုင်းနှုတ်ဖျားကနေ Authenticity Authenticityဆိုပြီးရေရွတ်နေကြတယ်။ ဒါပေမယ့် ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကဘယ်လောက်အထိတာသွားလဲ။ ဒီစကားလုံးကို သုံးနှုန်းလိုက်ပြီဆိုရင်ဘယ်လောက်ထိ မိမိမှာ တာဝန်ကြီးလဲဆိုတာကို လူတိုင်းနားမလည်ကြပါဘူး။ပေါပေါပဲပဲ ဒီိတိုင်းနှုတ်ထွက်ကောင်း နားကြားကောင်းတဲ့စကားလုံးတစ်ရပ်အနေနဲ့ပဲအထာကျအောင်ကောက်ယူသုံးစွဲနေကြခြင်းသာဖြစ်တယ်။ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို နက်နက်နဲနဲ အလေးထားကြတဲ့ပုဂ္ဂိုလ်တွေအတွက်တော့ သိပ်ကိုတန်ဖို့းရှိလွန်းတယ်။ပြောရမယ်ဆိုစပ်စပ်ထိမခံဖြစ်ကြတာတွေတောင် ရှိကြတယ်။ ဘယ်လိုအရာတွေကိုကျွန်တော်တို့က “Authenticity”လို့ သုံးနှုန်းသင့်ပြီး ဘယ်အရာတွေကိုမသုံးနှုန်းသင့်ဘူးလဲ။ ရှင်းပါတယ် “စစ်မှန်မှုဆိုတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့ အရှိအတိုင်းတကယ့်အစစ်တွေကို ချပြတဲ့နေရာမှာသုံးတာ။ဒါပေမယ့် အဲ့”အစစ်”ဆိုတဲ့ အရာမှာဟန်ဆောင်မှုနည်းနည်းလေးလောက်ဖြစ်ဖြစ်မိတ်ကပ်နည်းနည်းလေးလောက်ဖြစ်ဖြစ် ပါနေလို့မရပါဘူး။ကျွန်တော်တို့ရဲ့အတွေးအခေါ်တွေ အယူအဆတွေကို ချပြတဲ့အချိန်မှာကိုယ်ချပြတဲ့အရာတွေဟာကိုယ့်စိတ်ထဲမှာတကယ်ရှိနေတဲ့အကြောင်းအရာတွေ အမှန်တရားတွေဖြစ်နေဖို့လ်ိုပါတယ်။လူကြားကောင်းအောင် သို့မဟုတ် လူကြိုက်အောင် သည်းခြေကြိုက်အရာတွေကိုမိမိစိတ်ထဲကမပါဘဲနဲ့ဟန်ဆောင်လိမ်ညာပြီးအားပေးမှုတောင်းခံခြင်းသည် “Authenticity” ဆိုတဲ့ဂုဏ်ကို ကိုင်ဆွဲခွင့် လုံးဝမရှိပါဘူး။ဒီရုပ်ရှင်ဟာလည်း ဒီအကြောင်းပါပဲ။အဓိကဇာတ်ဆောင်ဖြစ်သူ ကျွန်တော်တို့ရဲ့ဟာသမင်းသားကြီး Ben Stiller ဟာAuthenticity ကို သိပ်အလေးထားတဲ့ မှတ်တမ်းတင် ရုပ်ရှင်တွေရိုက်ကူးသူတစ်ယောက်ဖြစ်ပါတယ်။ မှတ်တမ်းတင်ရုပ်ရှင်တွေကိုရိုက်ကူးတဲ့အချိန်မှာ ကျွန်တော်တို့သာမာန်ရုပ်ရှင်တွေနဲ့ မတူတာတစ်ခုကအဖြစ်အပျက်တွေကို အမှန်အတိုင်းတင်ပြရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့မှတ်တမ်းတင်ရုပ်ရှင်တွေအမျိုးအစားတွေဟာကျွန်တော်တို့အရင်ခေတ်ကာလတွေကသမိုင်းမှတ်တမ်းမှတ်ရာတွေလိုမျိုးပါပဲ။ကျွန်တော်တို့ ကျန်စစ်သားမင်းအကြောင်း ဘုရင့်နောင်အကြောင်းမြန်မာရာဇဝင်တွေအကြောင်း မှတ်တမ်းတင်ထားတာတွေရှိသလိုမှန်နန်းရာဇာဝင်တွေလည်းဖတ်ဖူးကြမှာပေါ့။ ဒီနေရာမှာဘာသွားတွေ့လဲဆိုတော့ ကျွန်တော်တို့ တချို့သမိုင်းတွေကိုခြယ်သရေးသားသီကုံးထားကြတာကို သတိပြုမိကြမှာပါ။ဒီလိုတွေလုပ်ထားတဲ့အတွက် သမိုင်းအမှန်ကိုဝေဝါးစေတာမျိုးတွေကြုံရပါတယ်။ မှတ်တမ်းတင်ရုပ်ရှင်တွေဟာလည်း ဒီအတိုင်းပါပဲသမိုင်းတစ်ခု အဖြစ်အပျက်တစ်ခုကို ကျွန်တော်တို့ ခြယ်သခြင်းမရှိဘဲမှတ်တမ်းတင်ရခြင်းပါ။ ဒါကြောင့်မို့လို့ဒီအမျိုးအစားရုပ်ရှင်တွေဟာပျင်းစရာကောင်းတာကတော့ အမှန်ပါပဲ။ သို့သော်လည်းမှတ်တမ်းတင်ရုပ်ရှင်တွေကို ကြည့်ဖူးရင် နားလည်နိုင်မှာပါ။ကျွန်တော်တို့နာရီပေါင်းများစွာထိုင်ကြည့်ပြီးသွားရင်ဒီအဖြစ်အပျက်တစ်ခုမှာ စီးမျောသွားတတ်ကြပါတယ်။သာမာန်ရုပ်ရှင်တွေလို ဖျော်ဖြေရေးမဆန်ပေမယ့်သိပ်ကိုတန်ဖိုးရှိတဲ့ရုပ်ရှင်တွေပေါ့။အဓိကဇာတ်ရုပ်ဖြစ်သူ ဂျော့ရှ် ( BenStiller ) ဟာအထက်မှာ ပြောခဲ့သလိုပဲ သူရိုက်ကူးထားတဲ့ နာရီပေါင်းရာချီတဲ့ဗီဒီယိုအပိုင်းအစတိုင်းကို ဖြတ်ချပစ်ခဲ့ဖို့ နှမျောပြီး ရုပ်ရှင်တစ်ကားနဲ့တင်ဆယ်စုနှစ်နဲ့ချီပြီး တိုင်ပတ်နေသူပေါ့။ ဒီကြားထဲမှာAuthenticity ကိုအလေးထားသူ ယုံကြည်သူမို့ ခြယ်သသီကုံးတာမျိုးတွေလည်းမလုပ်နိုင်သူပေါ့။ တစ်ဖက်မှာလည်း မိန်းမဖြစ်သူက ကိုယ်ဝန်မဆောင်နိုင်လို့ကလေးမရနိုင်၊ရိုက်ထားတဲ့ဇာတ်ကားကိုလည်း မထုတ်လုပ်နိုင်၊အရွယ်ကလည်း ထောင်းလာနဲ့ အရာရာကို အလိုမကျဖြစ်နေရသူပေါ့။တစ်နေ့မှာ သူဟာသဘောကောင်း ဖော်ရွေပြီး အရာရာကိုအင်တိုက်အားတိုက်ခံစားသက်ဝင်နိုင်စွမ်းရှိကြတဲ့လူငယ်စုံတွဲလေးတစ်တွဲနဲ့ တွေ့ပြီး သူကိုယ်တိုင်အားအင်တွေပြည့်ဝလာသလို ခံစားလာရပါတော့တယ်။ အဲ့ချိန်မှာအသက်လေးဆယ်ကျော်လူတစ်ယောက်နဲ့နှစ်ဆယ်ကျော်လူငယ်တစ်ယောက်တို့ကြားက ကွဲလွဲချက်တွေခြားနားချက်တွေ ခံယူချက်တွေကို ဒီဇာတ်ကားမှာ ပေါ့ပေါ့ပါးပါးနဲ့တင်ပြသွားခဲ့ပါတယ်။ဇာတ်ကားထဲမှာအဓိကပြချင်တဲ့အရာတွေကတော့မျိုးဆက်နှစ်ခုကြားက ကွာဟချက်တွေရယ်၊ ခေတ်ရေစီးကြောင်းအရတန်ဖိုးထား အလေးထားရတဲ့အရာတွေ ပြောင်းလဲလာတာရယ်ပေါ့။တစ်ချိိန်က ကျွန်တော်တို့အရမ်းကြိုက်ခဲ့တဲ့ “ကော်ဖီဆိုဂျာဗာ”တို့ ၊ထက်ထက်မိုးဦးနဲ့ဒွေးတို့ရဲ့ “ဗျူးတီးခေါင်းလျှော်ရည်ဟာ” ဆိုတာမျိုးတွေကခုခေတ်လူငယ်တွေအတွက်တော့ ယူကျူ့မှာတွေ့လိုက်ရတဲ့ပေါတောတောကြေညာတစ်ခု ဖြစ်နေနိုင်တယ်မလား။ဂျော့ရှ် (Ben Stiller) ရဲ့မိန်းမနေရာမှာတော့၂၀၀၅ ခုနှစ်ထွက် King Kong ရုပ်ရှင်ထဲကကျွန်တော်တို့အရမ်းကြိုက်ခဲ့ရတဲ့မင်းသမိးချောကြီး Naomi Watts က သရုပ်ဆောင်ထားပြီးခုချိန်ထိ ချစ်ဖို့ကောင်းနေတုန်းပါပဲ။ လူငယ်စုံတွဲနေရာမှာတော့Star War, Marriage Story စတဲ့နာမည်ကြီးဇာတ်ကားကောင်းတွေနဲ့ လက်စွမ်းပြထားတဲ့မင်းသားချော Adam Driver နဲ့အတူMamma Mia, In Time, Letters to Juliet, Dear John, Ted အစရှိတဲ့ဇာတ်ကားပေါင်းများစွာရိုက်ကူးထားပြီးသားဖြစ်တဲ့ မင်းသမီးချောAmanda Seyfried က သရုပ်ဆောင်ထားပါတယ်။အဓိကဇာတ်ကောင်တွေအားလုံးကတကယ်ကိုသရုပ်ပညာအရည်အသွေးကောင်းသူတွေဖြစ်တဲ့အပြင်ဇာတ်လမ်းအသွားအလာကလည်း တင်ပြချင်တဲ့အကြောင်းအရာကိုထိထိမိမိနဲ့ ပေါ့ပေါ့ပါးပါး တင်ပြထားတာမို့ဖျော်ဖြေရေးလည်းဆန်ပြီးအဓိပ္ပာယ်လည်းရှိတဲ့ အရည်အသွေးမြင့် ဇာတ်ကားကောင်းတစ်ကားပါ။