ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့friendship နဲ့ပတ်သတ်တဲ့ ရုပ်ရှင်ကားကောင်းလေးပါ။လူတိုင်း ဘဝမှာ အခင်ဆုံးသူငယ်ချင်းတစ်ယောက်တော့အနည်းဆုံး ရှိကြမှာပါ။ကျောင်းသား ကျောင်းသူဘဝတုန်းက သက်တူ ရွယ်တူစိတ်တူ ကိုယ်တူ သူငယ်ချင်းတွေလည်း အများကြီး ရှိခဲ့ကြဖူးမှာပေါ့။ ဒါပေမဲ့ အသက်အရွယ်တွေ ကြီးပြင်းလာပြီး20 somethingအရွယ်တွေကိုရောက်တဲ့အခါမှာတော့အဲဒီ သူငယ်ချင်းဆိုတဲ့ အဝန်းအဝိုင်းလေးက တဖြည်းဖြည်းသေးလာတာကိုလည်း ကြုံကြရမှာပါ။အသက်အရွယ်တစ်ခုရောက်လာတဲ့အခါ ကိုယ်ဘဝတစ်လျှောက်လုံးပခုံးဖက်ပေါင်းလာခဲ့တဲ့ အခင်ဆုံးသူငယ်ချင်းဟာလည်း အချိန်တိုင်းအနားမှာ မရှိနေနိုင်တော့ပါဘူး။တစ်ခါတလေမှာဆိုရင် သဘောထားချင်းမတိုက်ဆိုင်ကြတော့လို့ခွာပြဲကြရတာမျိုးတွေတောင်ရှိတတ်ပါသေးတယ်။ဒီဇာတ်ကားထဲက ကေတီနဲ့ ဒီလန်နီဟာလည်း အသက် 12နှစ်ကတည်းက မခွဲမခွာဘဲ အတူတူပေါင်းလာကြတဲ့ အခင်ဆုံးသူငယ်ချင်းတွေပါ။ ဒီလိုနဲ့သူတို့နှစ်ယောက်အရွယ်ရောက်လာတဲ့အခါမှာ ကေတီက ချစ်သူရည်းစားအတည်တကျနဲ့ဘဝကိုဖြတ်သန်းနေပေမဲ့ ဒီလန်နီကတော့ ဘဝကို ပျော်ပျော်ပါးပါး စားလိုက်သောက်လိုက်နဲ့ ဖြတ်သန်းနေတုန်းပါပဲဒါပေမဲ့ ဒီလန်နီက အပြောင်းအလဲတွေကို မနှစ်သက်သူမို့သူတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကြားထဲမှာ ကေတီရဲ့ကောင်လေး ဝင်လာတာကို သိပ်သဘောမကျပါဘူး။တစ်ရက်မှာ ကေတီကသူ့ကောင်လေးဆီကနေ လက်ထပ်ခွင့်တောင်းခံလိုက်ရတော့ အပြောင်းအလဲတွေ သဘောမကျတတ်တဲ့ ဒီလန်နီကိုပြောပြဖို့ အခက်တွေ့လာပါတယ်။ဒီလိုနဲ့ သူငယ်ချင်းဆက်ဆံရေးကြားထဲကတောက်ကဆလေးတွေ ဖြစ်လာတာကို သဘာဝဆန်ဆန်ရိုက်ကူးပြထားတာပါ။သူငယ်ချင်း ဆက်ဆံရေးနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေအပြင်၊ Adult တစ်ယောက်ဖြစ်လာတဲ့အခါကြုံတွေ့လာရမဲ့အမျိုးမျိုးသော အပြောင်းအလဲတွေကိုပါလက်ခံတတ်စေဖို့ကို အဓိကထားပြီးရိုက်ကူးထားတဲ့ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ချင်ပါတယ်။