Talvar HD

Talvar

Drama Thriller Mystery HD 2015-10-02 7.45 132 Min

Box Office အမြတ်ငွေ သုံးဆလောက်ရထားပြီး ဝေဖန်သူတွေရဲ့ ချီးကျူးမှုတွေပိုင်ဆိုင်ထားတဲ့အပြင် ဆုတွေလည်း အများကြီးရရှိထားတဲ့ မင်းသားကြီး Irrfan Khanရဲ့ crime thriller genreဇာတ်ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးမှာတော့ Rashomo effectဆိုတဲ့ Crime genreတွေကြားမှာ မြင်နေကြပြဿနာလေးကို မီးမောင်းထိုးပြထားတာဖြစ်ပြီး 2008ခုနှစ် နိုအင်ဒါနှစ်လောင်းပြိုင်လူသတ်မှုကို အခြေခံထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။အမှန်တော့ Rashomo effectဆိုတာ ကျနော်တိုနေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့ပြဿနာထဲကတစ်ခုပါပဲ။၃ ဘက်ကြည့်တဲ့သူက ၃ လိုမြင်ပြီး ၄ ဘက်ကကြည့်တဲ့သူက ၄ လိုမြင်သလိုပဲ ဖြစ်ရပ်တစ်ခုအပေါ် မျက်မြင်သက်သေတွေရဲ့ရှုထောင့်အရ ထွက်‌ဆိုချက် အမျိုးမျိုးဖြစ်နေလိုတရားသေယူမရဖြစ်နေတာမျိုးကိုခေါ်တာပါ။ ဆိုတော့ ဇာတ်လမ်းလေးအကြောင်း ဆက်လိုက်ကြပါဦးစို။ရှရူသီဆိုတဲ့ ၁၄ နှစ်အရွယ်ကောင်မလေးတစ်ယောက် အသတ်ခံရတယ်ဆိုတဲ့သတင်းက ဆမီးဗီဟာတစ်ဝိုက်မှာ အတော်လေး ပျံ့နှံသွားပါတယ်။ ‌ကောင်မလေးက ခပ်ငယ်ငယ် မိသားစုကောင်းကနေလာတဲ့ကောင်မလေးဖြစ်ပြီး ဖြစ်ချင်တော့ သူတိုအိမ်က အလုပ်သမား ကမ်ပါလ်ကလည်း ပျောက်နေပါသတဲ့။ဒီတော့ ရဲတွေရော ရှရူသီရဲ့အဖေကပါ တထစ်ချတွက်လိုက်တော့တာပေါ့။ အိမ်မှာလူလေးယောက်တစ်ယောက်သေပြီး တစ်ယောက်ပျောက်နေတာ ပျောက်နေတဲ့ကမ်ပါလ်ဟာ တရားခံပဲဆိုပြီး အသည်းအသန်ရှာပေမဲ့ ကမ်ပါလ်ရဲ့အလောင်းပါ ထွက်ပေါ်လာတဲ့အခါ…တစ်ဖက်ကလည်းကမ်ပါလ်နဲ့ရှရူသီဟာ စည်းကျော်တဲ့ပတ်သက်မှုတွေရှိနေတယ်ဆိုတဲ့ ထွက်ဆိုချက်ကလည်းရှိထားပြန်တော့….သမီးသေတဲ့အမှုမှာ အဖေနဲ့အမေက အဓိက သံသယရှိသူတွေအဖြစ် သတ်မှတ်ခံရချိန်မှာအမြင်ကွဲလွဲမှုတွေဖြစ်ပြီး CDIဌာနမှူး အက်ရှ်ဝင်းကိုယ်တိုင် ဒီအမှုကို စုံစမ်းဖိုဖြစ်လာချိန်မှာတော့…