Meet Cute in Manhattan FHD

Meet Cute in Manhattan

Comedy Romance FHD 2025-03-28 8.3 93 Min

IMDb rating 7.8 နဲ့ ခရမ်းချဉ်သီးပုပ် rating 98%ရရှိထားတဲ့ Meet Cute In Manhattan ကတော့အချစ်ကားချိုချိုလေးဖြစ်ပါတယ်။အာရှသားသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ဂျေဆင်လင်းဟာdating app တစ်ခုအတွက် နိုရာဆိုတဲ့အနောက်တိုင်းသူလေးနဲ့အတူ ကြော်ငြာသရုပ်ဆောင်ပေးရဖို့ဖြစ်လာခဲ့ပါတယ်။လူမသိသူမသိပျောက်ကွယ်သွားမယ့် ကြော်ငြာတစ်ခုလို့ထင်ခဲ့ပေမယ့်ဂျေဆင်နဲ့နိုရာရဲ့တကယ့်ချစ်သူတွေလို့တောင်အထင်မှားရလောက်တဲ့ ခံစားချက်အစစ်အမှန်တွေနဲ့သရုပ်ဆောင်မှုကြောင့် အမှတ်မထင် ဝက်ဝက်ကွဲအောင်မြင်သွားခဲ့ပါတယ်။ကြော်ငြာတစ်ခုကနေ နှစ်ခု၊သုံးခုလောက်အထိရိုက်ရဖို့အကြောင်းဖန်လာချိန်မှာတော့ သရုပ်ဆောင်နေကြတဲ့ဂျေဆင်နဲ့နိုရာဟာ လက်တွေ့ဘဝမှာရော သူတို့ခံစားချက်တွေကို ထိန်းချုပ်ထားနိုင်မှာလားဆိုတာဆက်လက်ကြည့်ရှု့ရမှာဖြစ်ပါတယ်။