Confidence HD

Confidence

Action Comedy Crime Thriller Mystery HD 2003-04-25 6.265 97 Min

ဂျိတ်ခ်ဗစ် – လူတိုင်းမျက်ခုံးပေါ်စင်္ကြံလျှောက်ခဲ့တဲ့ ယုံကြည်မှုအပြည်နဲ့ဂွင်သမားလူလိမ်။ အခုချိန်မှာတော့ လူတစ်ယောက်ရဲ့သေနတ်အောက်ကိုရောက်နေပြီး သေရတော့မယ်။ သူသေရမှာကအနားမှာရပ်နေတဲ့ ဆံနီမလေးကြောင်တဲ့။ သေခါနီး တဘ၀လုံးလုပ်ခဲ့တာတွေကို မြင်မိလားမေးတော့ လွန်ခဲ့တဲ့ ၃ ပတ်စာကိုပဲ မြင်မိတယ်တဲ့။လွန်ခဲ့တဲ့ ၃ ပတ်က ဂျိတ်ခ်တို့အဖွဲဟာ ထုံးစံအတိုင်းဂွင်ဖန်ပြီးငွေညှစ်ယူလိုက်တာ ဒီတစ်ခါတော့ သွားမထိသင့်တဲ့ ဘုရင်ကြီးဆိုသူကိုမှ သွားထိမိတော့ ဘုရင်ကြီးနဲ့ညှိနှိင်းရပြီး ဘုရင်ကြီးအတွက် ဂွင်ကြီးတစ်ဂွင်ဖန်ပေးဖို့ဖြစ်လာခဲ့တယ်။ ဘုရင်ကြီးဖန်ခိုင်းတဲ့ဂွင်ကလည်းအကောင်ကြီးကြီးအမြှီးရှည်ရှည်ဖြစ်နေလေတော့ ယုံကြည်မှုရှိတဲ့ဗစ်တစ်ယောက် ဘယ်လုပ်ဖြစ်ပြီး သူများရဲ့သေနတ်အောက်ကို ရောက်သွားဖို့ ဖြစ်သွားတာလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး