ဒီတစ်ခေါက်မှာတော့ ထွက်ထားတာ သိပ်မကြာသေးတဲ့စပိန်ရုပ်ရှင်တစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ။စီးပွါးရေး လုပ်ငန်းရှင်ကြီး သမီးဖြစ်သူ rich kid လေးReese ဟာ stalkerတစ်ယောက်ကြောင့် စိတ်သောကရောက်နေရပြီး အန္တရာယ်လည်း အမျိုးမျိုးတွေ့နေရတာကြောင့် သူ့အဖေဖြစ်တဲ့ Bruce က သမီးဖြစ်သူအတွက်သက်တော်စောင့် ငှါးပေးလိုက်ပါတော့တယ် ။ဒါပေမဲ့ သူငှါးပေးလိုက်တဲ့ သက်တော်စောင့်ကလူငယ်ပြုပြင်ထိန်းသိမ်း ရေးစခန်းကနေ လောလောလတ်လတ်ထွက်လာတဲ့သူ ဖြစ်နေတဲ့အခါ…ရုပ်ရှင်ရဲ့ နာမည်အတိုင်းပဲ သက်တော်စောင့် Eros ကReese အပေါ် ဘယ်လို လွှမ်းမိုးမှုမျိုးတွေရှိလာနိုင်မှာလဲ ။သက်တော်စောင့်ငှါးပြီး အမျိုးမျိုးကာကွယ်ပေးပေမဲ့stalker ဆီကနေ ဆက်တိုက် ခြိမ်းခြောက်ခံလာရတဲ့အခါ…Reese တစ်ယောက် ဘယ်လိုအဖြေရှာမလဲ ။တကယ့် stalker က သူ့ကိုလိုက်ဒုက္ခပေးနေတဲ့ရည်းစားဟောင်း Raul လား ဒါမှမဟုတ် သူ့ဘဝထဲကိုလေပွေမုန်တိုင်းတွေလိုမျိုး ဝင်ရောက်လာတဲ့ Eros လားဒါမှမဟုတ် ဘယ်လို မထင်မှတ်ထားတဲ့သူ ဖြစ်နေမလဲဆိုတာကိုတော့ Bad Influence ရုပ်ရှင်မှာ စိတ်ဝင်တစားနဲ့လိုက်ပါ ကြည့်ရှုလိုက်ရအောင်နော် ။