The Ballad of Wallis Island HD

The Ballad of Wallis Island

Comedy Drama Music HD 2025-03-28 7.6 100 Min

ချားလ်စ် ဟာ ထီဆုကြီးနှစ်‌ခါပေါက်ပြီး ၊ အမျိုးသမီး ဖြစ်သူ မယ်ရီနဲ့ ကမ္ဘာပတ်ကာ ခရီး‌တွေ ‌ထွက်ခဲ့သူပေါ့။မယ်ရီ ဆုံးသွားတဲ့နောက်မှာတော့ ချားလ်စ်လည်း ခရီးထွက်တာကို ရပ်လိုက်ပြီး ၊ အရမ်းကိုဝေးလှတဲ့ ကျွန်းတစ်ကျွန်းမှာ အိမ် တစ်လုံး ဝယ်ပြီး ၊သူ့ရဲ့များပြားလှတဲ့ ငွေတွေနဲ့ ဘဝကို အထီးကျန်စွာ ဖြတ်သန်းနေခဲ့ရပါတယ်။အဲ့ဒီ ကျွန်းလေးဟာ လူသူနည်းပါးပြီ အေးအေးချမ်းချမ်း ရှိပါတယ်။ ရွာခံတွေကလည်း ရိုးသားကြပါတယ် ။တစ်နေ့မှာပဲ မယ်ရီရဲ့ ငါးနှစ်ပြည့် နှစ်ပတ်လည် နေ့အတွက် သူနဲ့ မယ်ရီ ရဲ့ အကြိုက်ဆုံး ယူကေ ဖော့ခ် အဆိုတော် မက်ဂွါးရား ကို သီးသန့်ဖျော်ဖြေပွဲအတွက်ဒေါ်လာသန်းဝက် ပေးကာ ငှားလိုက်ပါတယ်။အဲ့ဒီအပြင် မက်ဂွါးရားရဲ့ ရည်းစားဟောင်းဖြစ်သူ ဂီတာလောကက ထွက်ခွာသွားတဲ့ နေးလ်ကိုပါ ငှားလိုက်ပါတယ်။ချားလ် က မက်ဂွါးရား ရဲ့ အနုပညာ တွေကိုသေ‌လောက် အောင် ရူးသွပ်သူပါ။အဲ့လိုကနေစပြီး ‌ချားလ်နဲ့ မက်ဂွါးရားကြား က ပေါ့ပေါ့ပါးပါး အလွဲလေးတွေနဲ့ စိတ်ကို ကြည်နူးရစေမှာပါ။ဖျော်ဖြေပွဲအတွက်စီစဥ်ရင်း ကျွန်းပေါ်မှာ ဘာတွေဖြစ်ကြမလဲဆိုတာကို ကော်ဖီလေး တစ်‌ခွက်နဲ့ အနားယူပြီး ခံစားကြည့်သင့်တဲ့ ကားလေးဖြစ်ပါတယ်။