The Path of Totality FHD

The Path of Totality

Thriller Science Fiction FHD 2024-03-06 4 83 Min

Escape Room လို ဇာတ်ကားမျိုးတွေကို သဘောကျတဲ့ပရိသတ်တွေကို Thriller ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။စိတ်ပိုင်းဆိုင်ရာ ပိတ်လှောင် ကျဉ်းကြပ်မှုနဲ့အတူslow burning ဖြစ်တဲ့ ကားတစ်ကားမို့ ဖုန်းဒိုင်းအုံးဂွမ်းThriller ကားမျိုးတော့ မဟုတ်တာကြောင့် အချို့ပရိသတ်တွေ အတွက်က ပျင်းရိဖွယ် ကောင်းနိုင်ပါတယ်။ဇာတ်လမ်းအကျဉ်း ပြောရမယ်ဆိုရင်ဂရေဆင်လီဆိုတဲ့ကိုးရီးယားနွယ်ဖွား အမေရိကန် လူမျိုးတစ်ယောက်ဟာအချုပ်ခန်း တစ်ခန်းထဲမှာ သတိလစ်နေရာကနေ နိုးလာခဲ့ပါတယ်။ သူ့ကို ထိုင်ခုံနဲ့အတူ လက်ထိပ်ခတ်ထားပြီးတော့အလုံပိတ်အခန်းထဲမှာ သံစားပွဲတစ်လုံး၊ နံရံကပ်ဒစ်ဂျယ်တယ် နာရီတစ်ခု အပြင် တခြားဘာမှ ရှိမနေပါဘူး။ခဏအကြာမှာ နံရံပေါ်မှာ သူ့ကို ရိုက်ကူးနေတဲ့ ဝက်ဘ်ကင်မရာနဲ့ နံရံမြှုပ် ရုပ်မြင်သံကြား တီဗီတစ်လုံးရှိနေတာကိုတွေ့လိုက်ရပါတယ်။ အဲဒီထဲက လူတစ်ဦးက သူ့ကိုယ်သူဒေါက်တာဆောင်းမွန်းလို့ မိတ်ဆက်ပြီးတော့ ဂရေဆင်လီဟာနောက်ထပ် ၈ နာရီအကြာမှာ သေဆုံးရမယ် ဆိုတာကိုပြောလာပါတယ်ဂရေဆင်လီဟာ သူဘယ်ကို ရောက်နေတယ်ဆိုတာကိုမမှတ်မိသလို သူလုပ်ခဲ့တာ ဘာတွေလဲ ဆိုတာလည်းမမှတ်မိတဲ့အပြင် သူ့လက်မှာ ဆေးထိုးအပ်ရာ တစ်ခုရှိနေတာ သတိထားမိလိုက်ပါတယ်တီဗီထဲက ဒေါက်တာဆောင်းမွန်းဆိုသူနဲ့ အပြန်အလှန်ဆက်သွယ်မေးမြန်းနေရင်း ဂရေဆင်လီ တစ်ယောက်လွတ်မြောက်ဖို့ ဘယ်လို ကြိုးစားအားထုတ်မလဲ။လွတ်ရော လွတ်မြောက်နိုင်ပါ့မလား…။ဘယ်သူတွေက သူ့ကို ဘာရည်ရွယ်ချက်နဲ့ ဖမ်းချုပ်ထားခဲ့တာလဲ ဆိုတာကတော့….။ (စပွိုင်လာ ရီဗျူး- ကမ္ဘာပေါ်မှာ သက်ရှိသတ္တဝါတွေအပင်တွေနဲ့မတူ သီးသန့်ကမ္ဘာ မျိုးစိတ်က မှိုတွေဖြစ်ပါတယ်မှိုတွေမှာ ရေပေါ်ရေအောက်မရွေး ပတ်ဝန်းကျင်အခြေအနေမျိုးစုံမှာ ရှင်သန်ပေါက်ပွားတဲ့ မျိုးစိတ်အမျိုးအစားတွေအများကြီးပါ။ အဲဒီထဲမှာမှ သိပ္ပံပညာရှင်တွေကို အံ့ဩဘနန်းဖြစ်စေတဲ့ မှိုတစ်မျိုးကအရပ်အခေါ် ဇွန်ဘီမှိုပါ။ဒီမှိုဟာ သက်ရှိအင်းဆက်တွေကို ရွေးချယ်ကူးစက်ပြီးမျိုးစိတ်ပျံ့ပွားဖို့ အားထုတ်တဲ့ မှိုတစ်မျိုးမို့ စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဒီမှိုနဲ့ ပတ်သတ်ပြီးသိပ္ပံစာရေးဆရာတွေဒါရိုက်တာတွေဟာ လူသားကို ကူးစက်ခဲ့ရင် ဘယ်လိုနေမလဲဆိုပြီး စိတ်ကူးယဉ် ရေးဖွဲ့ရိုက်ကူးကြပါတယ်။ဒီဇာတ်ကားကလည်း အဲဒီ Concept ကို ယူထားပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ )