ဒီရုပ်ရှင်ကအပြင်မှာတကယ်ရှိခဲ့တဲ့ မာဖီးယားဂိုဏ်းခေါင်းဆောင်မီကီချာနက်ခ်ရဲ့အကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပါတယ်။ချာနက်ခ်က Horehron မာဖီးယားဂိုဏ်းခေါင်းဆောင်ဖြစ်ပြီးတော့ သူရဲ့အိမ်မက်က ဆလိုဗက်ကီးယားတစ်နိုင်ငံလုံးရဲ့ ဂိုဏ်းခေါင်းဆောင်တွေရဲ့ခေါင်းဆောင်ဖြစ်ချင်တာအဲလိုဖြစ်အောင်တကယ်လည်းကြိုးစားခဲ့တယ်။အာဏာရှိလာအောင်ပြိုင်ဖက်ဂိုဏ်းခေါင်းဆောင်တွေကိုရှင်းပစ်တာတွေ၊သစ္စာဖောက်တွေကိုနှိမ်နှင်းတာတွေစတာတွေလုပ်ပြီးနယ်မြေချဲ့တယ်ကိုယ်ကိုယ်ကိုကာကွယ်ဖို့ရော အာဏာကြီးထွားလာဖို့အတွက်ရောအာဏာပိုင်တွေလာဘ်ထိုးပြီးပူးပေါင်းခဲ့တယ်။အာဏာအပြိုင်လုတာကြောင့်ဂိုဏ်းအချင်းချင်းနေ့ခင်ကြောင်တောင်ကြီးသေနတ်နဲ့ပစ်တာတွေ ခေါင်းဖြတ်သတ်တာတွေ ဗုံးခွဲတိုက်ခိုက်တာတွေ စတဲ့ထင်တိုင်းကြဲလုပ်ရပ်တွေကြောင့်ပြည်သူတွေဘဝကလည်း သိပ်မလုံခြုံတော့ဘူးဒါအပြင် တကယ်ထိတ်ထတ်ကြဲ ထိပ်ပိုင်းအရာရှိတွေအထိပေါင်းထားတော့တော်ရုံဖမ်းလို့မရဘူး။ဒီလိုရာဇဝတ်သားကြီးကို ၁၉၉၈ရွေးကောက်ပွဲအပြီးမှာတက်လာတဲ့အစိုးရသစ်လက်ထက်မှာချာနက်ခ်နဲ့သူ့အပေါင်းအပါအကုန်လုံးကိုဖမ်းပြီးတော့ပြစ်ဒဏ်စီရင်ခဲ့တယ်။