ဟယ်ရင်းဟာ ဆေးရုံတစ်ခုရဲ့ တကယ့်ချမ်းသားကြွယ်ဝသူများအတွက် စီစဥ်ထားတဲ့ VIP လူနာဆောင်မှာတာဝန်ထမ်းဆောင်နေတဲ့ သူနာပြုတစ်ဦးဖြစ်ပါတယ်။ အဲဒီအထဲကမှနှလုံးအစားထိုးကုသထားတဲ့ဖခင်ဖြစ်သူကို ဆယ်နှစ်လုံး ဆေးရုံမှာ ပြုစုစောင့်ရှောက်နေတဲ့ သူဌေးတစ်ယောက်ရှိပါတယ်။တစ်နေ့မှာတော့ သူဌေးကြီးရဲ့ ဖခင်ဟာ ကျန်းမာရေး ဆိုးရွားလာပြီးနှလုံးထပ်မံအစားထိုးဖို့မဖြစ်မနေ လိုအပ်လာတဲ့အခါမှာတော့ မတော်တဆမှုတစ်ခုကြောင့် ဆေးရုံကိုရောက်လာတဲ့မီနာဆိုသူ မိန်းကလေးရဲ့ နှလုံးကို အသုံးပြုဖို့ ဖြစ်လာပါတယ်။နှလုံးအစားထိုးကုသမှုဖြစ်မြောက်နိုင်ဖို့အတွက် မီနာရဲ့အုပ်ထိန်းသူကို ရှာဖွေရင်း ဟယ်ရင်းတစ်ယောက် မီနာတစ်ဖြစ်လဲမာဒိုနာလို့သိကြတဲ့ မိန်းကလေးရဲ့ သနားစရာကောင်းလွန်းတဲ့ ဘဝဇာတ်လမ်းကိုသိလာရတဲ့အခါ….သူဌေးကြီးရဲ့ ဖခင်ကို ကယ်ဖို့လုပ်တဲ့ရည်ရွယ်ချက်က ရိုးသားမှုနဲ့မဟုတ်ဘဲ တစ်စုံတစ်ရာရည်ရွယ်ချက်ရှိတယ်ဆိုတာ သိလာရတဲ့အခါ…ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ‘Madonna’ဆိုတဲ့ ဇာတ်ကားလေးမှာ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါဦးနော်။