A Kid in King Arthur's Court HD

A Kid in King Arthur's Court

Comedy Family Fantasy Adventure HD 1995-08-11 4.964 89 Min

ကျောက်တုံးကြီးထဲက ဓါးကို ဆွဲထုတ်လိုက်နိုင်တဲ့ဘုရင်အာသာနဲ့ မှော်ဆရာမာလင်တို့ကို မသိတဲ့သူမရှိသလောက်ပါပဲ။ ဒါပေမယ့် (၁၉၉၅)တုန်းက ထွက်ရှိခဲ့တဲ့“A Kid in King Arthur’s Court” ဆိုတဲ့ဇာတ်ကားလေးမှာတော့ကျွန်တော်တို့ မြင်နေကျ ဇာတ်ကားတွေထဲကလိုရဲစွမ်းသတ္တိနဲ့ ပြည့်ဝနေတဲ့ ဘုရင်မင်းမြတ်အာသာကိုမြင်ရမှာတော့ မဟုတ်ပါဘူး။ အဲ့ဒီအစား အာသာတို့ခေတ်ကိုမာလင် ဆင့်ခေါ်လိုက်လို့ ဘုမသိဘမသိ ရောက်သွားတဲ့အရှုံးသမားကောင်လေးတစ်ယောက်ရဲ့အဖြစ်အပျက်လေးတွေနဲ့ စွန့်စားခန်းတွေကိုမြင်တွေ့ ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။မထင်ထား မမျှော်လင့်ထားမိလောက်အောင်ပြောင်းလဲသွားတဲ့ဘုရင်အာသာကိုကောကောင်လေး ကယ်ဗင်တစ်ယောက် ကူညီနိုင်ပါ့မလား။အာသာ့စားပွဲဝိုင်းရဲ့ ‘Knight in King Arthur’s Court’ မဟုတ်တဲ့ကလေးတစ်ယောက်က အာသာတို့ရဲ့ဘယ်လိုအရေးအခင်းမှာဘယ်လို ကူညီသွားမယ်ဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်ရှုလို့ရမယ့်“A Kid in King Arthur’s Court” ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။