နာခါဂျီမာဆိုတဲ့ စာရေးဆရာမ ပေါက်စလေးဟာ ပူအာရု ကုမ္ပဏီကနေ စာရေးဆရာလူသစ်ဆုကိုရရှိခဲ့ပါတယ်။ သို့ပေမဲ့လည်း နာမည်ကြီးစာရေးဆရာကြီး ဟီဂါရှီဂျူဂျိုရေးလိုက်တဲ့ “ဒီဇာတ်လမ်းကိုဘာလို့ ဆုပေးတာလဲ တွေးလို့မရဘူး” ဆိုတဲ့ မှတ်ချက်တစ်ခုနဲ့တင် အနာဂတ်ပျောက်ဆုံးခဲ့ရပါတယ်။ဒီလိုနဲ့ ၂နှစ်သာ အချိန်ကုန်သွားခဲ့တယ် နာခါဂျီမာတစ်ယောက် စာအုပ်မထုတ်ဝေနိုင်ခဲ့သေးဘဲဘဝမှာ လမ်းတွေပျောက်ဆုံးခဲ့ရပါတယ်။စာပေနယ်ပယ်ဘက်မှာ စာရေးဆရာတွေ အရမ်းကို သဘောကျတဲ့ ဟိုတယ်တစ်ခုလည်းရှိနေပြန်ပါတယ်။ဒီဟိုတယ်ကတော့ တောင်ကုန်းထိပ်ပိုင်းမှာရှိနေတာဖြစ်ပြီးစာရေးဆရာတွေအတွက် အတွေးသစ်အမြင်သစ်ရစေနိုင်တာကြောင့် ဒီဟိုတယ်ကို စာရေးဆရာတော်တော်များများ သဘောကျကြပါတယ်။ဒီဟိုတယ်မှာပဲ နာခါဂျီမာတစ်ယောက် ဟီဂါရှီဂျူဂျိုနဲ့ ပြန်လည်တွေ့ဆုံခဲ့ပြီး နာခါဂျီမာတစ်ယောက်သူ့အိပ်မက်ပန်းတိုင်ဖြစ်တဲ့ စာအုပ်ထုတ်ဝေနိုင်ဖို့ ဘယ်လိုပုံစံတွေ သုံးပြီး ကြိုးစားသွားမလဲဆိုတာကိုကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။