လဝေးလန်မော့စ်လို့ခေါ်တဲ့လူတစ်ယောက်ဟာ အမဲလိုက်ထွက်ရင်းမထင်မှတ်ဘဲ ဆေးမှောင်ခို အရောင်းအဝယ်တစ်ခု ပြသနာတက်တဲ့ နေရာကိုတွေ့သွားမိတယ် …အခင်းဖြစ်တဲ့နေရာမှာ မှောင်ခိုသမားအကုန်လုံးက အကုန်နီးပါးသေဆုံးနေပါတယ်သေလုမျောမျောလူတစ်ယောက်ကျန်နေပေမဲ့ သူလည်း စကားအနည်းငယ်ပြောနိုင်ရုံကလွဲလို့ဘာမလုပ်နိုင်ပါဘူး…ဒါကြောင့် အမဲလိုက်သမားဟာမှောင်ခိုသမားတွေရဲ့ ဒေါ်လာ ၂ သန်းကျော်ကို လောဘတက်ပြီး ယူခဲ့မိပါတယ်အဲဒီနောက်မှာတော့ ပြသနာအကြီးကြီးတက်တော့တာပဲသူဟာ မုဆိုးဘဝကနေသားကောင်ဘဝကိုရောက်သွားခဲ့ပြီး ချီဂါးလို့ခေါ်တဲ့ ကြောက်မက်ဖွယ်ရာ လူသတ်သမားရဲ့ လိုက်လံသတ်ဖြတ်ခြင်းကိုခံရပါတော့တယ်….မျက်တောင်တစ်ချက်မခတ်ပဲ သေနတ်မောင်းခလုတ်ကိုနဖူးကိုတေ့ပြီး ဇီဝန်ချွေတတ်တဲ့ လူသတ်သမား ချီးဂါးကတော့ဒီကားရဲ့အသက်ပါပဲဗီလိန်သရုပ်ဆောင်ကြီးက ဘယ်လောက်တောင်ပီပြင်သလဲဆိုတော့ Best Actor(Supporting)ဆုရရှိသွားပါတယ်။ဆရာဝန်တွေပြောကြားချက်အရ ဒီဇာတ်ကားထဲမှာပါတဲ့ဆံပင်ဂုတ်ဝဲနဲ့ စိတ္တဇလူသတ်သမားချီးဂါးပုံစံက ပြင်ပလောကက စိတ္တဇလူသတ်သမားတွေနဲ့ အနီးစပ်ဆုံးတူတဲ့ ကာရိုက်တာဖြစ်ပါတယ်တဲ့။တကယ်လည်းဒီဇာတ်လမ်းထဲမှာ ချီးဂါးရဲ့သွေးအေးအေးနဲ့ ရက်စက်ကြမ်းကြုတ်တဲ့အကြည့်စူးစူးတွေဟာ ကျောချမ်းဖို့ကောင်းလှပါတယ်။ ဒီကာရိုက်တာအတွက် မင်းသားJavier Bardem ကို လာငှားကြတုန်းက သူက ငါကားမမောင်းတတ်ဘူး၊အကြမ်းဖက်တာမျိုးလဲမကြိုက်ဘူးပြောတော့ဒါရိုက်တာ Coen ညီနောင်က ငါတို့ရှာနေတာ ဒီလိုလူပဲတဲ့…တကယ်လဲကွက်တိပါပဲ။