2024 ထွက် အီတလီစကားပြော ဟာသကားလေး တစ်ကား ဖြစ်ပါတယ်။သူငယ်ချင်း သုံးယောက် Aran, Paolo နဲ့ Davide အလုပ်မရှိ အကိုင်မရှိ ပျင်းပျင်းရိရိ လေးတွဲတွဲနဲ့ တစ်နေကုန် ဆေးပဲရှူနေတဲ့ Ara၊Naples ကနေ Rome ကို ဒါရိုက်တာဖြစ်ဖို့ အရေး ထွက်လာခဲ့ပေမယ့် သူငယ်ချင်း နှစ်ယောက်နဲ့ အတူတူ သောင်တင်နေတဲ့ Paolo၊သူ Call Centerမှာ အလုပ်လုပ်တာကို သူများ သိသွားမှာ ရှက်နေတဲ့Davide တို့ သူငယ်ချင်း သုံးယောက်က ဆေးခြောက် စိုက်ပျိုးရေးကို စတင်ဖို့ဖြစ်လာပါတယ်။အကြောင်းကတော့ Aran ယူနေကျ ဆေးအရောင်းအဝယ် လုပ်တဲ့ Mr. Green မရှိတော့တဲ့ အခါ သုံးယောက်သားဆေးခြောက် ပျိုးပင်လေးတွေ ယူလာပြီး အိမ်မှာ အညွှန်းစာအုပ် တစ်အုပ်နဲ့ စိုက်ကြတဲ့ ဇာတ်လမ်းပါ။သုံးယောက်သား အလွဲတွေနဲ့ ဘယ်လို ခွီရမလဲဆိုတာကို ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှုပေးပါ။