၂၁ နှစ်ပြည့်မွေးနေ့မှာ ဖခင်ဖြစ်သူ မိုက်က သမီးလေး စင်ဒီအတွက် စပရိုက်အကြီးစားကြီးစီစဥ်ထားပါတယ်။ စပရိုက်ကတော့ ကိုယ်ပိုင်လေယာဥ်နဲ့ အပန်းဖြေကမ်းခြေကို သူငယ်ချင်းတစ်သိုက်နဲ့ထွက်ကြမှာပါ။ အစပိုင်းမှာတော့ ခရီးကချောမွေ့ပေမဲ့ နောက်တော့ ဘာမြူဒါတြိဂံထဲကို လေယာဥ်ဆွဲသွင်းခံလိုက်ရပါတယ်…..အဲ့နောက် Kraken လိုသတ္တဝာကြီးတစ်ကောင်က တိမ်တွေထဲကနေပေါ်လာပြီး လေယာဥ်ပေါ်ကနေ မသိမသာ ချဉ်းကပ်လာတဲ့အခါ….. အသက်ရှင်ဖို့ သူငယ်ချင်းတစ်သိုက် ဘယ်လိုအကြံတွေ ထုတ်ကြမလဲနဲ့ တကယ်ရော လွတ်မြောက်နိုင်ပါ့မလားဆိုတာ………….