Carrie HD

Carrie

Horror Thriller HD 1976-11-03 7.316 98 Min

ရုပ်ရှင်ဟာ ၁၉၇၆ ခုနှစ်တွင် ထွက်ရှိခဲ့ပြီး၊ Stephen King ရေးသားသောဝတ္ထုကို အခြေခံကာ Brian De Palma က ရိုက်ကူးထားတဲ့ horror ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ နာမည်ကြီးသရုပ်ဆောင် SissySpacek က Carrie White အဖြစ် သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းထဲမှာတော့ Carrie White ဟာအထက်တန်းကျောင်းတက်နေတဲဲ့မိန်းကလေးတစ်ဦးဖြစ်ပြီး၊ ဘာသာရေးယုံကြည်မှုပြင်းထန်တဲ့မိခင်နှင့်အတူ နေထိုင်ရသူပါ။ကျောင်းမှာလည်း အခြားကျောင်းသားသူငယ်ချင်းတွေရဲ့အနိုင်ကျင့်နှောင့်ယှက်မှုတွေကို ခံနေရပြီး၊ အဆင်မပြေမှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကို ခံစားနေရတာပါ။ထိုအခက်အခဲအခြေအနေများအတွင်းမှာပဲCarrie ဟာ Telekinesis (စိတ်အားဖြင့်အရာဝတ္ထုများကိုထိန်းချုပ်နိုင်ခြင်း) ဆိုသည့် ထူးခြားသောစွမ်းအားကို ရရှိထားပါတယ် ဒီလိုစိတ်ဖိစီးမှုတွေများစွာခံစားနေရတဲ့ ထူးခြားတဲ့စွမ်းအားပိုင်ဆိုင်ထားတဲ့ ကောင်မလေးတစ်ယောက် ဘယ်လိုပေါက်ကွဲပြသွားမလဲဆိုတာ သည်းထိတ်ရင်ဖိုစောင့်ကြည့်ရမယ့်ကားမျိုးဖြစ်ပါတယ်ဒီဇာတ်ကားရဲ့သရုပ်ဆောင်မှု၊ ရုပ်ပုံဖန်တီးမှု၊ တေးသံနှင့် ဇာတ်အိမ်ဖွဲ့စည်းမှုတွေဟာ ထူးခြားပြီး horror စာရေးဆရာ Stephen King ရဲ့ဝတ္ထုကို ပီပြင်အောင်ပြသထားနိုင်ပါတယ်သက်တမ်းကြာပြီဖြစ်သော်လည်း ဇာတ်လမ်းက ဒီခေတ်ထိ ကြည့်လို့ကောင်းနေတဲ့ horror ကားလေးပဲဖြစ်ပါတယ်